>
မျိုးဆက်သစ်လူငယ်များ-GW အဖွဲ့ ၄ နှစ်ပြည့် အခမ်းအနားကျင်းပ
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၉၊ ၂၀၁၁
ယခင် မြေအောက် နိုင်ငံရေးအဖွဲ့အစည်းအဖြစ် လှုပ်ရှားခဲ့သည့် မျိုးဆက်သစ် လူငယ်များအစည်းအရုံး-Generation Waveဖွဲ့စည်းသည့် ၄ နှစ်မြောက်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်ပွဲကို ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းကကျင်ပသည်။
GW အဖွဲ့ ထူထောင်ခြင်း၎ နှစ်ပြည့် အထိမ်းအမှတ်ဆွမ်းဆက်ကပ် လှူဒါန်းပွဲကို စမ်းချောင်းမြို့နယ် သီရိမင်္ဂလာရန်အောင်ကျောင်းတိုက်၌ ကျင်းပရာသို့ အန်အယ်လ်ဒီခေါင်းဆောင် ဦးဝင်းတင်၊ အန်အယ်ဒီလူငယ်များ၊မဖြူဖြူသင်း၊ ၈၈ မျိုးဆက်ကျောင်းသားများ၊နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များနှင့် အခြား နိုင်ငံရေး လှုပ်ရှားသူများ တက်ရောက်ကြသည်။
GW အဖွဲ့ကို ၂၀၀၇ခုနှစ်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီး အောက်တိုဘာလ ၈ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ယခင်အစိုးရ လက်ထက်တွင် မြေအောက်လှုပ်ရှားသည့်အဖွဲ့အစည်း အဖြစ်ရပ်တည်ခဲ့သော်လည်း ယခု အစိုးရသစ်တက်လာပြီးနောက် ပေါ်ပေါ်ထင်ထင် လှုပ်ရှားလာခဲ့သည်။
GW စတင်တည်ထောင်သူတဦးဖြစ်သူ ကိုဇေယျာသော်က “ အရင်တုန်းကတော့ ကျွန်တော်တို့ တတွေက မိမိတို့ဆန္ဒကို လွတ်လွတ်လပ်ထုတ်ဖေါ်တယ်။ ဒါပေမယ့် အမြင်မတူတာတွေကို ရှင်သန်ခွင့်မပေးတဲ့ အတွက် မှန်တာကို လုပ်ပေမယ့်ပုန်းရှိုးကွယ်ရှိုး လုပ်ရတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အမြင်မတူတာတွေကို ထည့်သွင်းစဉ်းစားပေးမယ်လို့ ထင်တဲ့အတွက်ကြောင့် ဒီလို အခင်းအကျဉ်း လုပ်ဖြစ်တယ်” ဟုပြောသည်။
ဆွမ်းဆက်ကပ်ပွဲသို့လာရောက်သူ အနည်းဆုံး ၂၀၀ ကျော်ရှိသည်ကိုတွေ့ရသည်။
ယခု ပွဲကျင်းပခြင်းနှင့်ပတ်သက်၍အာဏာပိုင်များကို တရားဝင် အသိပေးထားပြီး ၎င်းတို့ဘက်မှ တစုံတရာ နှောင့်ယှက်မှု မရှိဟုလည်းGW အဖွဲ့ဝင်တဦးက ရှင်းပြသည်။
၎င်းက “ အခုတော့ အစိုးရသစ်အပြောင်းအလဲ ဖြစ်သွားတဲ့အချိန်မှာပျော့ပြောင်းလာတဲ့ သဘောလည်းတွေ့ရတယ်” ဟုပြောသည်။



