>China wants talks over Burma dam cancellation‎

>

မြစ်ဆုံစီမံကိန်းရှိကုမဏီတို့၏ အခွင့်အရေးကို ကာကွယ်ရန် တရုတ်အစိုးရ ပြောပြီ
ဆင်ဟွာသတင်းဌာန
အောက်တိုဘာ ၂၊ ၂၀၁၁

မြစ်ဆုံဆည်တို့၏ရန်မှ ဧရာဝတီကို ကယ်တင်ရေး လှုပ်ရှားမှုတခုကို ၂၀၁၁ စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်နေသော ဂီတသမားများ (ဓာတ်ပုံ – မိုးမခ)


မြန်မာနိုင်ငံက ဆိုင်းငံ့လိုက်သော ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး ကုမဏီတို့၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် တိုင်ပင်နှီးနှောရန် စနေနေ့တွင် တိုက်တွန်းလိုက်သည်။

သမ္မတဦးသိန်းစိန်က ကချင်ပြည်နယ်ရှိ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားရန် အမိန့်ထုတ်လိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရ အရာရှိ Hong Lei က ထိုသို့ တုံ့ပြန်ခြင်း ဖြစ်သည်။

“မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းက တရုတ်နဲ့မြန်မာပူးတွဲလုပ်ဆောင်တဲ့ စီမံကိန်းပဲ။ နှစ်ဘက်စလုံးက သေချာလေ့လာပြီး လုပ်ဆောင်ခဲ့ကြတာပါ” ဟု သူက ပြောသည်။

“ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နှစ်ဘက်လုံးက မိတ်ဆွေ ပီသစွာနဲ့ ဖြေရှင်းကြမှာပါ” ဟု ဆို၏။

မြစ်ဆုံစီမံကိန်းကို တရုတ်ပြည်မှ CPI ကုမဏီ ပါဝင်ပြီး မြန်မာနိုင်ငံဘက်မှ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာန၊ Asia World ကုမဏီတို့က ပူးပေါင်း လုပ်ဆောင်ခဲ့သည်။

တရုတ်နိုင်ငံခြားရေး ပြောခွင့်ရ အရာရှိက တရုတ်ကုမဏီတို့ကို ပြည်ပကုမဏီတို့နှင့် လေးလေးစားစား၊ ညီညီမျှမျှ၊ အကျိုးတူ ဆက်ဆံရန် အစဉ် တိုက်တွန်းခဲ့ကြောင်း၊ တရုတ်ကုမဏီတို့ကို ပြည်ပနိုင်ငံတို့တွင်
ပြဋ္ဌာန်းထားသော ဥပဒေများအတိုင်း လိုက်နာရန်လည်း အမိန့်ထုတ်ထားကြောင်း ပြောပြသည်။

မြစ်ဆုံစီမံကိန်းကို ၂၀၀၉ တွင် အစပြုသည်။ လျှပ်စစ်ဓာတ်အား မီဂါဝပ် ခြောက်ထောင် ထုတ်လုပ်နိုင်စွမ်းရှိမည့် လျှပ်စစ်ဓာတ်အားစက်ရုံ ဆောက်လုပ်ရေး စီမံကိန်းကို၂၀၁၉ တွင် အဆုံးသတ်ရန် ယခင်က တွက်ချက်ထားသည်။