>NLD marked 23 years with Suu’s Speech

>

အင်န်အယ်ဒီ ၂၃ နှစ်မြောက် မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကညီညွတ်ရေးအတွက် အမှာစကားပြော
တာရာဝေယံ၊ စက်တင်ဘာ ၂၈၊ ၂၀၁၁
ယမန်နေ့ နံနက် ၁၁ နာရီက စတင်တဲ့အင်န်အယ်ဒီ ၂၃ နှစ် မြောက် အခမ်းအနားကို ရန်ကုန်မြို့၊ရွှေဂုံတိုင်ရုံးချူပ်မှာ ကျင်းပခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းတင်တို့က အမှာစကားပြောကြားခဲ့ကြပြီး အင်န်အယ်ဒီပါတီ ၂၃ နှစ်တာကာလဖြတ်သန်းခဲ့ရတဲ့ အခြေအနေကို စပ်ဆိုသော တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ကြကြောင်းသိရှိရပါတယ်။
 
အခမ်းအနားကိုအန်အယ်ဒီဗဟိုအလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ CRPP လွှတ်တော်ကိုယ်စားပြုကော်မီတီဝင်များ၊ သံတမန်များ၊ နိုင်ငံရေးပါတီအသီးသီးကပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါတယ်။
“တာဝန်ဆိုတာကိုယ်လုပ်ချင်တာနဲ့ မဆိုင်ပါဘူး။ မလုပ်ချင်လည်း လုပ်ရမှာပါပဲ။ တယောက်ထဲလုပ်လို့ ရတယ်လို့ ထင်ပြီ ဆိုကတည်းက ဒီမိုကရေစီနဲ့ ဘာမှ မဆိုင်တော့ပါဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆရာဦးဝင်းတင်ကတော့ညီညီညွတ်ညွတ်နဲ့ အောင်ပွဲရသည်အထိ ချီတက်ကြဖို့ ပြောကြားခဲ့ပါတယ်။

အခမ်းအနားပြီးဆုံးပြီးနောက်ယမန်နေ့နေ့စွဲနဲ့ အင်န်အယ်ဒီထုတ်ပြန်တဲ့ ကြေညာချက်နဲ့ သဘာပတိမေးခွန်း စာရွက်များဝေငှခဲ့ကြောင်း သတင်းရရှိပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts