>demonstration at Rangoon

>



ရွှေဝါရောင် လေးနှစ်ပြည့်နေ့ ဆန္ဒပြပွဲ ငြိမ်းချမ်းစွာပြီးဆုံး
ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ ၂၀၁၁
ရွှေဝါရောင် နှစ်ပတ်လည်နေ့ ဆုတောင်းပွဲ နှင့် လွတ်လပ်စွာ သတင်းယူနေသူများ (ဓာတ်ပုံများ – မိုးမခ)


ရွှေဝါရောင် နှစ်ပတ်လည်အတွက် အမှတ်ရဖွယ် ဆုတောင်းပွဲကို ရန်ကုန်မြို့ ဆူးလေစေတီတော်တွင် နေ့လည် ၁ နာရီခန့်မှ ၃ နာရီထိ ငြိမ်းချမ်းစွာ ကျင်းပခဲ့သည်။

ညီညွှတ်မှု၊ ငြိမ်းချမ်းမှုတို့အတွက် ဆုတောင်းခြင်းဖြစ်ပြီး ယခုလို ဆွေးနွေးပွဲများအပေါ် ပိုမို အားတက်စေလိုတဲ့ စိတ်မျိုးဖြင့် ဆုတောင်းပေးခြင်းဖြစ်ကြောင်း ဆူးလေစေတီတော်တွင် ဆုတောင်းသူ ကိုဟန်ဝင်းအောင်က ပြောသည်။

“ ဘယ်သူ့ကိုမှ အပျက်သဘောဆောင်တဲ့ စိတ် မရှိပါဘူး။ အပြုသဘောဆောင်တဲ့ စိတ်နဲ့ ပြည်သူရဲ့ ဆန္ဒ ပြည်သူလူထုရဲ့ စိတ်ကို သိရှိခြင်းအားဖြင့် တွေ့ဆုံမှုကို ပိုမိုချောမွေ့စေချင်လို့ လုပ်တာပါ” ဟု ကိုဟန်ဝင်းအောင်က ပြောပြသည်။

ယနေ့ ဆုတောင်းပွဲသို့ လူ ၁၀၀ ကျော် ပါဝင် ဆုတောင်းရောက်ရန် မျှော်လင့်ထားသော်လည်း အတားအဆီးများကြောင့် လူ ၃၀ မျှသာ လာရောက်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောပြသည်။

ဆုတောင်းပွဲ စီစဉ်သူတဦးဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်


ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးအတွက် ဆုတောင်းသူများမှာ ဘုရားရင်ပြင်တော်ပေါ်တွင် ၁၅ မိနစ်တာ ရှစ်ခိုးဆုတောင်းပြီးနောက် ဘုရားကို လက်ျာရစ် လှည့်ပတ်ကာ ၀တ်ရွတ် ဆုတောင်းပြီး ပြန်လည် ထွက်ခွာ သွားကြကြောင်း သိရသည်။

“ကျနော်တို့က ဗုဒ္ဒဘာသာဝင်တွေပါ။ ဘုရားကို ၁၅ မိနစ်ပဲ ဆုတောင်းခွင့်ပေးတယ် ဆိုတာ မလုပ်သင့်ပါဘူး” ဟု လာရောက်ဆုတောင်းသူ တစ်ဦးက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ရွှေဝါရောင် သံဃာ့အရေးအခင်း ဟုခေါ်သည့် သံဃာ့ လှုပ်ရှားမှုကို စစ်တပ်နှင့် လုံထိန်းများက ဖြိုခွင်း ခဲ့သည်။
ရွှေဝါရောင် အရေးအခင်း နှစ်ပတ်လည်နေ့ကို နှစ်စဉ် ကျင်းပနေကြသည်။

ဆူးလေစေတီတွင် ဆုတောင်းနေကြပုံ




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts