>great irrawaddy

>

မဟာဧရာဝတီအစီအစဉ်
ဓာတ်ပုံသတင်း
စက်တင်ဘာ ၁၂၊ ၂၀၁၁


ယမန်နေ့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ စိမ်းရောင်စို၏ ၁၅ ကြိမ်မြောက်သစ်ပင်စိုက်ပွဲကို မန္တလေးတိုင်း ဝက်လက်မြို့နယ် ရှိန်းမကားရွာ ဘေးမဲ့တောကြီးအနီးက တောရကျောင်းကြီးတွင် ပြုလုပ်ရာ ရန်ကုန် မုံရွာ ရွှေဘို ပြင်ဦးလွင် မြစ်ကြီးနားမြို့များမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ ၊ ဧရာဝတီချစ်သူများစွာ ပူးပေါင်း ပါဝင် ဆင်နွှဲကြသည်။

လူဦးရေ ၁၈၀ခန့်တက်ရောက်ကြပြီး နံနက် ၆နာရီမှာ မရမ်းခြံဆိပ်ကမ်းမှ နဝရတ်မော်တော်ကြီးဖြင့် ထွက်ခွာခဲ့ပြီး မဟာဧရာဝတီအစီအစဉ်တွင် ခရီးလမ်းတလျှောက် ဧရာဝတီကိုချစ်မြတ်နိုးသူများက ကဗျာရွတ်ချင်း တေးသီချင်းများသီဆိုခြင်း စာတမ်းဖတ်ခြင်းများပြုလုပ်ကြသည်။