>
ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့်မြန်မာစာသင်တန်းဆင်းပွဲ
မိုးမခ
စက်တင်ဘာ ၈၊ ၂၀၁၁
စက်တင်ဘာ ၈၊ ၂၀၁၁
နယူးယောက်ပြည်နယ်အထက်ပိုင်း၊ ယူတီကာမြို့၊ သန္တိသုခကျောင်းတိုက်တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနှင့် မြန်မာစာသင်တန်းဆင်းပွဲကိုစက်တင်ဘာ ၄ ရက်နေ့တွင်ကျင်းပရာ မြန်မာပြည်မှကြွရောက်လာသော ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ ကြွရောက်၍ တရားဓမ္မများ ချီးမြှင့်ပေးခဲ့ပါသည်။
နေလည် (၁) နာရီအချိန်တွင် အခမ်းအနားစတင်ကျင်းပရာ သင်တန်းသား သင်တန်းသူ ကလေးငယ်လေးများမှ ဗုဒ္ဓဘာသာယဉ်ကျေးမှု မြန်မာကဗျာများရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ကလေးငယ်များအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် လှူဘွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခြင်းများပြုလုပ်ကာ အခမ်းအနားကိုနေ့လည် (၃) နာရီအချိန်တွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။