>D let Myo – Poem

>

အိပ်မရဘူးကွယ်
ဒီလက်မျိုး

စက်တင်ဘာ ၄၊ ၂၀၁၁



အိပ်မရဘူးကွယ်။

ကယောင်ချောက်ခြားနဲ့

အတွေးထဲကိုဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ပိုးနာမည်က

အလွမ်းတဲ့ … ။

ပထမဆုံးမဖြစ်ခဲ့ရင်တောင်

နောက်ဆုံးဖြစ်ချင်ပါတယ်ဆိုတဲ့စကားသံက

ကောင်းကင်မှာရိုက်ခတ်

ငါ့ညတွေ အနားသတ်မလှခဲ့ပြီ။

သေရဲလား ရှင်ရဲလား ဘ၀မှာလဲ ရှင်သန်ခဲ့ဖူးရဲ့

မိတ်ဆွေဆိုတာတွေက

နောက်ကျောကို ဓါးနဲ့ထိုးတာလဲ ခံခဲ့ဖူးရဲ့

မမြင်ရတဲ့မိုးကုပ်စက်ဝိုင်းကို

မျော်ကြည့်ဖူးတာလဲအကြိမ်ကြိမ်

ပြန်တွေးကြည်တော့

လာရာလမ်းက

ကောက်ကွေ့နေလို့ပဲလား။

ဆက်ဆက်မဆုံပါရစေနဲ့

နာကျင်မှုရယ်

ငါ့နှလုံးသားမှာ

နာကျင်မှုတွေများလှပါပြီ။

ဒီတခါနာကျင်မှုက

ရှည်လျားလှသောသံသရာထဲ

အမြင့်မားဆုံးကို အလံထူရသလိုပါပဲကွယ်။

လွမ်းတယ်

လွမ်းတယ်

လွမ်းတယ်

ရန်သူစစ်စစ်ကိုလည်းလွမ်းတယ်

မိတ်ဆွေစစ်စစ်ကိုလည်းလွမ်းတယ်

ချစ်သူစစ်စစ်ကိုတော့ ပိုလွမ်းတာပေါ့။

တကယ်တမ်း

တိုင်တည်ပြောကြစတမ်းဆိုရင်

မယ်ဟောင်ဆောင်ဆိုတဲ့မြို့ကလေးက

ညီမလေးနမ်းခမ်းကူရေ

မင်းကို

အကိုအလွမ်းခဲ့ဆုံးပါကွယ်။

သေချာတာက

အကို

အိပ်မရဘူးကွယ်။

(နန်းခမ်းကူသို့ အမှတ်တရ)