>Dhamma AyeYeik Waso Pwe & Children Buddhist Summer Class

>

ဥက္ကလံ၊ ဓမ္မအေးရိပ်ကျောင်း ၀ါဆိုပွဲနှင့် ကလေးသင်တန်းဆင်းပွဲ စည်ကား
မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၂၉၊ ၂၀၁၁
သြဂုတ်လ ၂၇၊ စနေနေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာ၊ ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း၊ တတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် ပထမအကြိမ် ကလေးများအတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ ရပ်နီး ရပ်ဝေးမှ ဧည့်ပရိသတ် ၃၀၀ ခန့် လာရောက်ခဲ့သည်ကို တွေ့ရသည်။
 ဆန်ဖရန်ဘေးဧရိယာ အိမ်နီးချင်းမြို့များဖြစ်သော ဖရီးမောင့်၊ ဒေးလီးစီးတီး၊ ဆန်ဖရန်စစ္စကို စသည့်မြို့များမှ မြန်မာမိသားစုများနှင့် ဘာသာရေးအသင်းအဖွဲ့များက လာရောက် အားပေးကြသည့်အပြင်၊ ဘေးဧရိယာရှိ ဘုန်းတော်ကြီးကျောင်းများက ဆရာတော်များကလည်း လာရောက်ချီးမြှင့်ခဲ့ကြသည်။

 ပထမဦးဆုံးအကြိမ် အောင်မြင်စွာကျင်းပပြီးစီးဖြစ်ခဲ့သော ကလေးများအတွက် နွေရာသီ ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာအခြေခံသင်တန်းဆင်းပွဲတွင် ကလေးအရွယ်စုံ ဦးရေ ၂၀ နီးပါးက ပျော်ရွှင်စွာဖြင့် သင်တန်းဆင်းလက်မှတ်များ၊ အောင်လက်မှတ်များ လက်ခံရယူခဲ့ကြပြီး ကျောင်းထိုင်ဆရာတော် ဦးအာရိယာစာရက ဆုံးမသြ၀ါဒများ ပေး ချီးကျူးစကား ပြောကြားခဲ့သည်။
  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts