>Aung San Suu Kyi, Democracy Icon of Burma published

>

ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်းစုကြည် အမည်ရှိစာအုပ် မေတ္တာဖြင့် ဖြန့်ပြီ
မိုးမခအထောက်တော် မဲဆောက်၊ သြဂုတ် ၂၇၊ ၂၀၁၁
 ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် BMC စောနေမင်း က ထုတ်ဝေပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတန်ဖိုးထားသူတိုင်းကို အခမဲ့ ဖြန့်ချိသွားမည်လည်း ဆိုသည်။
          ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် ဟု အမည်ပေးထားသော ယခုစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ဘ၀မှတ်တမ်းနှင့် နိုင်ငံရေး ဖြတ်သန်းမှု ဘ၀အဖုံဖုံကို အသေးစိတ် ပြုစုထားသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော နိုဘယ်လ် ငြိမ်းချမ်းရေးဆုနှင့် အခြားရရှိခဲ့သော ဆုစာရင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်မှာချက်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြစ်စဉ် ရက်စွဲ သမိုင်းကိုလည်း ထည့်သွင်းဖေါ်ပြထားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ဘွဲ့ ကဗျာများလည်း ပါဝင်သည်။
          ဆယ်ချိုးဆိုက်အရွက် စာမျက်နှာ ၂၉၆ ရှိပြီးNLD (LA) မှ ဥက္ကဌ ဦးဗိုလ်သောင်းက အမှာစာ ရေးပေးထားပြီး မျက်နှာဖုံးဒီဇိုင်းကို သီဟမောင်မောင်က ဖန်တီးရေးဆွဲထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts