ရေးခဲ့မိသော မှတ်တမ်းများ (၂၆)
အုန်းနိုင်
မေ ၈၊ ၂၀၁၃
● ပြည်မြို့နယ်စုရဲ့ ပြဿနာ
အဲဒီလိုနဲ့ဗဟိုနဲ့  အောက်ခြေမကျေနပ်မှုတွေအောက်ခြေမှာလည်း လှုပ်လှုပ် ရှား ဖြစ်မှုတွေနဲ့ပြည့်နေတဲ့  ဒီလို အချိန်မျိုးမှာပဲ (၁၀.၈.၈၉)မှာ ပြည်မြို့ နယ်စု(၆)မြို့ နယ် အစည်းအဝေးတက်ဖို့ ဖိတ်စာရပါတယ်..။ အစည်းအဝေး အချိန်က နေ့လည်(၁၂)နာရီ ဆိုလို့ပေါင်းတည်မြို့ နယ် စည်းရုံးရေး ကော်မတီဝင် ဦးမြင့်စိုးနဲ့  အတူနှစ်ယောက်သား (၁၁)နာရီလောက်ပြည်မြို့ ကို အရောက်သွားခဲ့ကြပြီး ထမင်းစားအပြီး နေ့လည် (၁၂)နာရီမှာအစည်းအဝေးကျင်းပမဲ့  နေရာကို ရောက်ခဲ့ပါတယ်..။
ကျနော်တို့ ရောက်သွားချိန် မှာ အစည်းအဝေးကပြီးလုနေပါပြီ..။သူတို့ လူစုံလို့ (၁၀)နာရီ ကတည်းက အစည်းအဝေး စတယ်လို့ ပြောပါတယ်..။ပေါင်းတည် စည်းရုံးရေး ကော်မတီဝင်ဦးခင်မောင်ဇော် လည်းအစည်းအဝေး မှာ ရှိနေပါတယ်..။ဒါဟာ လုပ်ထုံးလုပ်နည်း အရတော့ မှန်ကန်မှုမရှိပါ..။မြို့ နယ်စု အစည်းအဝေးကို ဘယ်သူ တက်ရမယ် ဆိုတာ မြို့ နယ်ကော်မတီက ဆုံးဖြတ်ရမှာပါ..။မြို့နယ်ကော်မတီရဲ့  ဆုံးဖြတ်ချက် နဲ့  တက်ရမဲ့ သူက ကျနော် နဲ့  ဦးမြင့်စိုးပါ…။အခု အစည်းအဝေးတက်နေသူက ဦးခင်မောင်ဇော်ပါ..။
ဦးခင်မောင်ဇော်က သူ့ရဲ့  စီးပွါးရေး ကြောင့် လို့  အကြောင်းပြပြီးမြို့ နယ်စည်းကော်မတီ အစည်းအဝေးများကို တောင် တက်နိုင်ခြင်းမရှိပါ..။တက်လေ့ မရှိပါ..။ဒါ့ကြောင့် သူ့ကိုလည်း မြို့ နယ်စည်းကော်မတီကတာဝန်ပေးလေ့  မရှိပါ..။
ဒါနဲ့  အကျိုးအကြောင်း မေးတော့ ဦးခင်မောင်ဇော်က သူပေါက်ခေါင်းမြို့ ကို ရောက်နေတုံး ပေါက်ခေါင်းက ဦးသန်းထွတ် တို့က အစည်းအဝေး တက်မယ် ဆိုလို့သူလိုက်လာတာ..။ဒီရောက်တော့ ပေါင်းတည်က အစည်းအဝေး တက်မဲ့ သူ မရှိလို့  သူဝင်တက်နေတာပါ လို့ ပြောပါတယ်..။ဒီအစည်းအဝေးကို တာဝန်ခံလုပ်နေတဲ့  သူတွေက ပြည်မြို့ က တာဝန်ခံတွေသာ မဟုတ်ပါဘူး..။ပဲခူးတိုင်းစည်း အဖွဲ့ ဝင်တွေ ဖြစ်တဲ့ ဦးသိန်းလွင်၊ဦးအောင်စောဦး ၊ဦးဇော်မင်းနဲ့  ဒေါက်တာတင်အေး တို့လဲရှိနေပါတယ်..။ဒေသခံ ဘက်က ပြည်မြို့ က ဒေါက်တာခင်မောင်ဝင်း၊ သဲကုန်း ဦးအောင်သန်း နဲ့ ပေါက်ခေါင်းဦးသန်းထွတ်၊ ရွှေတောင် ဦးသန်းကြွယ်တို့ ဦးဆောင်နေကြပါတယ်..။ဒီ အစည်းအဝေး ကျင်းပပုံ ကျင်းပနည်းဟာသံသယရှိစရာ ဖြစ်နေပါတယ်..။
အစည်းအဝေးကို နေ့လည်(၁၂)နာရီ မှာ ဖိတ်ပြီး..၊အချိန်စောပြီး စတင်စည်းဝေးတယ်..။အစည်းအဝေးကိုတရားဝင် တက်ရောက် ခွင့် မရှိသူ (ကြုံရာ လူ)ကိုတက်ခွင့်ပေးထားတယ်..။ဒါကြောင့်  ဒီအစည်းအဝေးရဲ့ ပုံစံကို ကျနော်က ကန့်ကွက်ပါတယ်..။ကျနော် အစည်းအဝေး မတက်ဘဲထပြန်ဖို့တောင် စိတ်ကူးမိပါတယ်။အတူ အစည်းအဝေး တက်ဖို့ လိုက်လာတဲ့  ဦးမြင့်စိုးက အခြေအနေသိရအောင်ဆက်နေသင့်တယ်လို့  ပြောလို့က တကြောင်း ၊ဒီလို အကြပ်အတည်း ကာလမှာ စိတ်ဝမ်းကွဲတယ် ဆိုတာမျိုးမဖြစ်ချင်တာကတကြောင်း၊သူတို့ ကလည်း တောင်းပန်လို့  အစည်းအဝေး ဆက်တက်ပါတယ်..။
အစည်းအဝေး မှာ ဆွေးနွေး တဲ့  အကြောင်းအရာကလည်းကန့်ကွက်စရာ ဖြစ်လာပါတယ်..။အကြောင်းအရာကတော့ (၁) ခုတလောမှာ အဖမ်းအဆီးတွေ များလို့ တိုင်းစည်းရုံးရေး ကော်မတီမှာ လူနဲတာကြောင့် တိုင်းအရံ ဖွဲ့ စည်းဖို့ နဲ့ ..၊(၂) ပဲခူးတိုင်း စည်းရုံးရေးကော်မတီရုံးကို ပဲခူးမှာ ဖွင့်ဖို့နဲ့  ၊(၃) မြို့ နယ်စု ကော်မတီ ဖွဲ့စည်း ဖို့ပါ..။တိုင်း စည်းရုံး ရေး ကော်မတီရုံးကိုပဲခူးမှာ ဖွင့်ဖို့ဆို တာကတော့ ကန့်ကွက်စရာ
မရှိပါဘူး..။တိုင်း အရံဖွဲ့ တယ်..ဆိုတာကတော့ တိုင်းစည်းရုံးရေးကော်မတီနဲ့  ဗဟိုကို ကျော်လုပ်တဲ့  သဘောဖြစ်နေတယ်..။ဒါမျိုးကို ဗဟိုနဲ့  ညှိနှိုင်းပြီးမှလုပ်သင့်တယ်..။အခုဟာက မညှိနှိုင်းခင် ဖွဲ့ ပြီးနေပြီ..။ဒါဟာ စည်းရုံးရေး ရာ စည်းကမ်းနဲ့  မကိုက်ညီဘူး..။ဒါ့ ကြောင့် ကျနော် ကန့်ကွက်တယ် လို့ ပြောပါတယ်..။
နောက်တခုကလည်း မြို့ နယ်စုကော်မတီ ဖွဲ့စည်းရေးပါ..။မြို့ နယ်စု ဆိုတာ ခရိုင်သဘောပေါ့..။မဆလ ခေတ် ဖွဲ့ စည်းပုံမှာ ခရိုင်မရှိသလို အခု ကျနော်တို့ NLD ကလည်း(ခရိုင်) မြို့ နယ်စု မထားပါ..။လွန်ခဲ့ တဲ့  ပဲခူးတိုင်း ညီလာခံ အကြိုကာလတုံးကတခါ မြို့ နယ်စုကော်မတီ ဖွဲ့စည်းမယ်လို့  အသံထွက်ခဲ့ပါတယ်..။တိုင်း စည်းက ခွင့်မပြုပါ..။မြို့ နယ်စု ကော်မတီ မဖွဲ့ ရလို့ တားထားပါတယ်..။ဒီမြို့ နယ်စု ကော်မတီ
ဖွဲ့ စည်းရေး ဆိုတာ ပြည်မြို့ နယ်ရဲ့  သဘောထားသာ ဖြစ်တယ်..လို့သိရပါတယ်..။ဒါကိုလည်း ကျနော်က ကန့်ကွက်ပါတယ်..။တိုင်းက တားထားတဲ့ ကိစ္စတခု ကို ခုလို တိုင်းစည်းမှာ အားနဲပြီး မတည်မငြိမ်ဖြစ်နေတုံးမှာ အောက်ခြေက မလုပ်သင့်ဘူး..။မလုပ်ကောင်း ဘူး လို့  ကျနော်က တင်ပြပါတယ်..။
ဒီတော့ သဲကုန်းမြို့ နယ်က ဦးအောင်သန်းကတိုင်းစည်းတာဝန်ခံ ဦးကိုယုက ဒီလို အရံ ဖွဲ့ ထားဖို့ စာနဲ့ ရေးပေးခဲ့တာ..။ဆရာကြီးကိုတောင် ထည့်ဖွဲ့ မလို့..။ဆရာကြီးတို့ ရောက်မလာလို့ ဒီပြင် လူများနဲ့  ဖွဲ့လိုက်တာပါ လို့  ပြောပါတယ်..။ကျနော်က ဦးကိုယုနဲ့  တက္ကသိုလ်မှာတုံးက
အတူတူ လုပ်ခဲ့ကိုင်ခဲ့ ဖူးတဲ့အတွေ့ အကြုံ ရှိပါတယ်..။ဦးကိုယု ဟာ လှုံ့ ဆော်အား အလွန်ကောင်းတဲ့သူပါ..။ဒါပေမယ့် အခုဟာမျိုးက
တော့ မလုပ်သင့်တဲ့ ကိစ္စပါ..။ခင်ဗျား တို့လဲမလုပ်ကောင်းပါဘူး..။မလုပ်ပါနဲ့ လို့ ကျနော် တားပါတယ်..။
ဒီတော့မှ ပဲခူးတိုင်းတာဝန်ခံ ဦးသိန်းလွင်ကပဲခူးတိုင်းရုံးဖွင့်ပွဲကို ပဲခူးမှာ (၁၂)ရက်နေ့  လုပ်မယ်။တမြို့ နယ် ကိုယ်စားလှယ် တယောက် လွှတ်ပါ..။အဲဒီကျတော့ ဆရာကြီးဆွေးနွေးပါ လို့  ပြောပါတယ်..။
ကျနော် ဒီပြည်မြို့ နယ်စုရဲ့  လုပ်ပုံလုပ်နည်း ကိုမကြိုက်ပါ..။ပြီးတော့ ကိုယု ကိုလည်း ဒီလိုလုပ်မယ်လို့မထင်ပါ..။တကယ်တော့ ဗဟိုကို ကျနော်လည်း အားမရ ပါ..။အထူးသဖြင့်မျိုးချစ်ကြီးများကို အားမရပါ..။ဒါပေမဲ့  အားမရတိုင်း ထင်သလို မလုပ်သင့်ပါ..။မြို့ နယ်စု ဖွဲ့စည်းခြင်းကိုလည်း ပဲခူးတိုင်း (၂၈)မြို့ နယ်စုံညီအစည်းအဝေးမှာ အတည်ပြု ထားခြင်း မရှိပါ..။မြို့ နယ်စု မဖွဲ့ ရလို့ ကိုတိတိကျကျ ညွှန်ကြားပြီး ရှိတာမို့အခု မြို့ နယ်စု ကော်မတီဖွဲ့ တာကိုလည်း ကျနော် ကန့်ကွက်ပါတယ်..။
ဒီ တော့မှ ဦးသိန်းလွင်က ထပ်ရှင်းပါတယ်..။ဒီ အစည်းအဝေး မှာသူရှိနေသော်လည်း ဒီမြို့ နယ်စုဖွဲ့ စည်းရေးဟာ သူ့သဘောထားမပါ ဘဲ..။ပြည်မြို့ နယ်အတွင်း မြို့နယ်ပေါင်းစုံအစည်းအဝေးက တင်ပြထားတဲ့  စာတမ်းအရ လုပ်တာဖြစ်ကြောင်း ပြောပါတယ်..။ဒီတော့ မှ ထပ်ပြီးပြသနာ ပေါ်တော့တာပေါ့..။ဘယ်တုံးက စည်းဝေးတဲ့  မြို့ နယ်ပေါင်းစုံ အစည်းအဝေးက စာတမ်းလဲ လို့ ကျနော်က မေးတော့မှ (၂.၈.၈၉)နေ့က အစည်းအဝေးပါတဲ့ ..။အဲဒီ အစည်းအဝေးကို အရေးပေါ် လုပ်ရတာမို့ ပေါင်းတည်နဲ့  ပန်းတောင်းကိုမဖိတ် ဖြစ်ပဲ ပြည်၊ရွှေတောင်၊ ပေါက်ခေါင်းနဲ့  သဲကုန်း တို့ကသာတက်ရောက်ပြီး ပြုစုတဲ့  စာတမ်းဖြစ်ပါသတဲ့ ..။ပြည်မြို့ နယ်စု (ယခင် အခေါ် ခရိုင်)မှာ ခြောက်မြို့ နယ်ပါတယ်..။ပြည်၊ပန်းတောင်း၊ပေါက်ခေါင်း၊သဲကုံးရွှေတောင် နဲ့  ပေါင်းတည် ပါ..။ဒီလို ၆မြို့ နယ် ရှိတဲ့  အနက်က လေး
မြို့ နယ်ပဲ ဖိတ်ပြီး ပြုစုတဲ့  စာတမ်းဆိုတာ ဘယ်လို ပါလဲ..။ဒါဆို ကျန်တဲ့  အရေးပေါ်မို့  မဖိတ်ဖြစ်တဲ့  မြို့တွေကိုလဲ စာတမ်း မဖြန့်ပါလား..လို့မေးတော့မှ စာတမ်းကို ပြန်ဖတ်ပြပါတယ်..။
အချုပ်ကတော့ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့က ဇွန်လ (၂၇)ရက်နေ့က ထုတ်ပြန်တဲ့  ကြေညာချက်ကို မကျေမနပ် ဖြစ်ရာက ထွက်ပေါ်လာတဲ့  စာတမ်းပါ..။(မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ ရဲ့  စာတမ်း(၂၇.၆.၈၉)ကို နောက်ဆက်တွဲ (က)တွင် ဖော်ပြထားပါတယ်..။ထို စာတမ်းအကျဉ်းချုပ်ကိုလဲ ရှေ့ တွင်ဖော်ပြပြီး) အဲဒီ စာတမ်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးရဲ့ အရံ အဖွဲ့ ဖြစ်တဲ့  မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့က မိခင်အဖွဲ့ နဲ့ သဘောထားမတူတဲ့  သဘော၊ မိခင်အဖွဲ့ ကို ပြန်ဝေဖန်တဲ့  သဘောအပြင် ၊တစုံတရာထိပ်တိုက် ရင်ဆိုင်လာရရင် ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  သူ့ရဲ့ နောက်လိုက်တွေ ရဲ့  တာဝန်သာဖြစ်တယ်မျိုးချစ်ရဲဘော် ဟောင်းကြီး များနဲ့ မဆိုင်ဘူး ဆိုတဲ့  သဘောမျိုးတွေပါတယ်..။ဒါကြောင့် မျိုးချစ်ကြီးတွေကိုမယုံနိုင်ဘူး..။ဗဟို အလုပ်အမှုဆောင် ဦးအောင်လွင်နဲ့  အတွင်းရေးမှူးဦးဝင်းတင် ကိုလဲ တရားလက်လွတ် ဖမ်းဆီး လိုက်ပြီး..။အာဇာနည် နေ့အရေးအခင်း အပြီး ဗဟိုအလုပ်အမှုဆောင် အများအပြား ဖမ်းဆီးခံရ လိုက်တယ်..။ဒီတော့ လက်ရှိ ဗဟိုကော်မတီမှာ ဒေါ်စုဘက်က တတ်သိပညာရှင် လေးဦးသာကျန်တော့လို့ ဗဟိုကော်မတီ နဲ့  ဗဟို အလုပ်အမှုဆောင်ကို အင်အားဖြည့်နိုင်အောင် ရန်ထားချင်တယ်..။ဒါကြောင့်အောက်ခြေကနေပြီးတော့ အရန်အဖွဲ့ တွေ ဖွဲ့ ထားသင့်တယ် ဆိုတဲ့  သဘောပါဘဲ..။
ဒါလည်း မှန်တော့ မှန်ပါတယ်..။အဖွဲ့ ချုပ် စတင်ဖွဲ့စည်းစဉ်က အောင်စုတင် သုံးဖွဲ့  က တဖွဲ့ကို(၁၄)ဦးစီနဲ့ (၄၂) ဦးရှိတဲ့  ဗဟိုဦးစီးအဖွဲ့ (စီစီ) မှာဦးအောင်ကြီး အဖွဲ့က (၁၃) ဦး နှုတ်ထွက် သွားပြီး.မျိုးချစ်ရဲဘော်ဟောင်းက (၁၄)ယောက် ၊ဒေါ်စုရဲ့  တတ်သိပညာရှင်များဘက်က (၁၄)ဦးနဲ့ ဦးအောင်ကြီး အဖွဲ့က ကျန်ခဲ့ တဲ့  ဦးကြည်မောင် နဲ့ အားလုံး(၂၉)ယောက်ရှိ နေ ရာက တချို့  အရေးယူခံရ..။တချို့  နှုတ်ထွက် ..။တချို့  ဖြည့်စွက် နဲ့ မို့ …။ဗဟိုဦးစီး အဖွဲ့  (စီစီ)မှာမျိုးချစ်ကြီးများက (၂၀) ဦး ၊ဒေါ်စုရဲ့ တတ်သိပညာရှင်တွေက (၂၀) ဦးနဲ့ ဦးကြည်မောင် နဲ့  ပေါင်း(၄၁) ဦး ရှိခဲ့ ပါတယ်..။အခု..ဇူလိုင်(၂၀)ရက်ဒေါ်အောင်ဆန်းစုကြည်ဦးတင်ဦး နဲ့  ဗဟိုခေါင်းဆောင် အများအပြား အဖမ်းခံလိုက် ရတဲ့ အခါမှာတော့ ဗဟိုဦးစီး အဖွဲ့  (စီစီ)မှာ လူ(၃၀)ပဲ ကျန်ပါတော့တယ်..။တချို့ က ရှောင်နေတယ်..။ဒီ အခြေအနေတွေကိုပဲခူးတိုင်း စည်း အဖွဲ့ ဝင် ဦးမောင်အေး ရှင်းပြတုံးက သိခဲ့ရပြီးသားပါ..။အခု ပြည်မြို့ နယ်စု အစည်းအဝေးမှာတော့ ဒေါ်စု ရဲ့  တတ်သိအုပ်စုက (၄)ဦး ပဲ ကျန်တော့တယ် လို့ ထပ်သိရတယ်..။ဗဟိုအလုပ် အမှုဆောင်အဖွဲ့ မှာ (၆)ဦး ရှိတဲ့ အနက် (၅)ဦးက စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်ပြီး ဦးခင်မောင်ဆွေ တယောက်သာ တတ်သိပညာရှင်ထဲကကျန်တော့ပါတယ်..။ဗဟို အလုပ်ကော်မတီ (၆)ဦးမှာတော့ (၃)ဦးစီပဲရှိနေပါသေးတယ်..။နောက် ဆုံး အစည်းအဝေးမှာ ဗဟိုကော်မတီ (၂၅) ဦးပဲ တက်တဲ့  အနက် ဒေါ်စုရဲ့  တတ်သိပညာရှင်တွေက လေးဦးပဲရှိသလား ဆိုတာတော့ အတိအကျ မသိရသေးပါ..။အခု ဖော်ပြပါ ကော်မတီ ၂ခုမှာပဲဒေါ်စုရဲ့  တတ်သိကလေးဦး ရှိနေပြီမို့  အခြား ဗဟို ဦးစီးအဖွဲ့  (စီစီ) ၀င်တွေလဲရှိနိုင်ကောင်းပါသေးတယ်..။ဒါပေမယ့် တတ်သိအုပ်စုက နည်းသွားပြီ ဆိုတာကတော့ သေချာပါတယ်..။
ဒါပေမယ့် ဒါကို တဖြေးဖြေးချင်း စည်းကမ်းတကျ ရှင်းတာကကောင်းမယ်..။အခုလို ပုန်းရှောင်နေတဲ့  ဗဟိုဦးစီး အဖွဲ့ ဝင်နဲ့  တိုင်းစည်း ရုံးရေးကော်မတီဦးကိုယုတယောက်တည်းရဲ့  ညွှန်ကြားချက်နဲ့တော့လုပ်ဖို့ မကောင်းဘူး..။ဦး ကိုယု ကလည်း ညွှန်ကြားခဲ့လိမ့်မယ်လို့ မထင်ပါဘူး..။နောက်တချက်ကလည်းကျနော်တို့ မှာ ဒေသဆိုင်ရာ ပြသနာ ရှိပါတယ်..။
ပြည်ခရိုင်လို့ ခေါ်ခေါ် ပြည်မြို့ နယ်စုလို့ ခေါ်ခေါ်ပြည်ဇုံ လို့ပဲ ခေါ်ခေါ် ဒီခြောက်မြို့ နယ်မှာပြည်မြို့ က ဘယ်လုပ်ငန်းမဆို ဦးဆောင်မှုယူချင်ပါတယ်..။အားကစားဘက်မှာဖြစ်ဖြစ် ၊ပညာရေးဘက်မှာဖြစ်ဖြစ် အရင် မဆလ ခေတ်က လူရည်ချွန် စီမံကိန်းမှာဘဲ ဖြစ်ဖြစ် သူတို့ပြည်မြို့ က ဦးဆောင်မှုယူချင်ပါတယ်..။ဒေသ အနေအထားအရလဲ ယူထိုက်ပါတယ်.။ဒါပေမယ့် ပေါင်းတည်မြို့နယ်ကိုလည်း ချန်ထားလို့မရပါ..။အထူးသဖြင့် နိုင်ငံရေးမှာတော့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာပြည်ခရိုင် (၆)မြို့ နယ်ထဲမှာ ပေါင်းတည်က ထိပ်ဆုံးရောက်သွားပါတယ်..။ပြည်မြို့ နယ်က ကုလားဗမာ အဓိကရုဏ်းကြောင့်စစ်အုပ်ချုပ်ရေး ထုတ်ခံထားရလို့ ဦးမဆောင်နိုင်ပါ..။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဖွဲ့တော့လည်း ကျနော့် ရဲ တက္ကသိုလ်ကျောင်းသားဘ၀ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ဟောင်းတွေဖြစ်တဲ့ဒေါ်မြင့်မြင့်ခင်၊ မုံရွာ ဦးတင်ရွှေ၊ ဦးတင်ထွတ်၊ဦးစိုးသိန်း(မောင်ဝံသ) ၊ဦးကိုယု တို့က အဖွဲ့ ချုပ် ဗဟိုရဲ့ ခေါင်းဆောင်မှုအခန်းမှာပါနေတယ်..။ကျနော်က သူတို့နဲ့  ပြန်တွဲမိနေတယ်..။ဒီတော့ ပေါင်းတည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဗဟိုနဲ့ နီးစပ်မှု ပိုရှိနေတယ်..။ဒီတော့ ပြည်မြို့ နယ်စုရဲ့  ခေါင်းဆောင်ပိုင်း နေရာ ကိစ္စမှာပေါင်းတည်ကအန္တရာယ်ဖြစ်လာတယ်လို့ သဘောထားဟန်တူ ပါတယ်..။ဒါကြောင့် (၂.၈.၈၉)အစည်းအဝေးမှာ ပေါင်းတည်ကိုမဖိတ်ဘူး..။ပြည်မြို့ က သဲကုန်းနဲ့  ပေါက်ခေါင်းအကူအညီနဲ့  တကွက်ကျော်လိုက်တဲ့ သဘောဖြစ်နေတယ်လို့  ကျနော်တဦးတည်းအနေနဲ့  ခံစားမိပါတယ်..။အဲဒီ (၂.၈.၈၉) အစည်းအဝေး မတိုင်မီနှစ်ရက်လောက်က(၃၀.၇.၈၉) နေ့အစည်းအဝေးကိုတောင် ကျနော် တက်ခဲ့ သေးတာပဲ..။ဘာကြောင့် ပေါင်းတည်ကိုဖိတ်ဖို့လက်လှမ်းမမီဖြစ်ရမှာလဲ..။တမင် မဖိတ်ပဲ ချန်ထားတာပဲ ဖြစ်မယ်..။အခု (၁၀.၈.၈၉)အစည်းအဝေးကိုလည်းနေ့လည် (၁၂)နာရီလို့  ဖိတ်ပြီး (၁၀)နာရီမှာ အစည်းအဝေးကိုစထား နှင့်တာတွေဟာ သံသယကို ပိုကြီးထွား စေပါတယ်..။
ဒါကြောင့် ဒီ(၁၀.၈.၈၉) နေ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်ပါတယ်..။(၂.၈.၈၉) နေ့ က ပြုလုပ်တဲ့  မြို့ နယ်ပေါင်းစုံအစည်းအဝေးကစာတမ်းကိုလည်း စည်းရုံးရေးရာ လုပ်ထုံး လုပ်နည်း နဲ့  မကိုက်ညီလို့လုပ်နည်းလုပ်ဟန်ကို ကန့်ကွက်ပါတယ်..။ဒါကို ကျနော်တို့  မြို့ နယ်စည်းရုံးရေးကော်မတီမှာ တင်ပြပြီး မြို့ နယ်ရဲ့  အဆုံးအဖြတ် အတိုင်း ဖြစ်စေရမယ်လို့  တင်ပြပါတယ်..။မြို့ နယ်စုက
ဖိတ်တဲ့ (၁၂.၈.၈၉) နေ့မှာ ကျင်းပမဲ့ ပဲခူးတိုင်းရုံး ဖွင့်ပွဲကိုလည်းမြို့ နယ်စည်းရုံးရေးကော်မတီရဲ့  ဆုံးဖြတ်ချက်အရ ဆောင်ရွက်မယ်..လို့ ပြောပြီး ပြန်ခဲ့ကြပါတယ်..။
နောက်တနေ့ မြို့ နယ်စည်းရုံးရေးကော်မတီ အစည်းအဝေးကိုကျင်ပပါတယ်..။(၁၁.၈.၈၉) နေ့နံနက် (၉)နာရီ(၃၀)မိနစ်မှာ ကျင်းပတဲ့ အစည်းအဝေးကို မနေ့ကပြည်အစည်းအဝေးကို တရားမ၀င်သွားတက်ခဲ့ တဲ့  ဦးခင်မောင်ဇော် လဲ တက်ပါတယ်.။ကျနော်က ပြည်မြို့ နယ်စုအစည်းအဝေးမှာ တင်ပြဆုံးဖြတ်တာတွေ ရဲ့  အတိုချုပ် အဖြစ် (၁) ဗဟိုမှာ စစ်ဗိုလ် အုပ်စုများပြီး တတ်သိအုပ်စု အားနဲသွားတဲ့ အပြင် ဒေါ်စု အဖမ်းခံရပြီးတဲ့ နောက်ဒေါ်စုရဲ့  သဘောထားကို ဆန့်ကျင်တဲ့  သဘောထားကို ဗဟိုကပြောင်းလည်းနေဟန်တူတယ်..။ ဥပမာမှတ်ပုံတင် ကိစ္စမှာ ဒေါ်စုရဲ့  အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုတဲ့ လမ်းစဉ်ကို စွန့်ပစ်ပြီး မှတ်ပုံတင်လိုက်တယ်..။ဒါကို မကျေနပ်ကြ ဘူး..။
(၂) ဗဟိုကို ၀န်းရံဖို့  တိုင်းအရံ ဖွဲ့ ထားဆိုတဲ့  ဦးကိုယုရဲ့ ညွှန်ကြားချက်အရ ပြည်မြို့ နယ်စုက (၁)ဦးသောင်းစိန် (ပြည်) ။(၂)ဦးအောင်သန်း (သဲကုန်း)။(၃) ဦးသန်းထွတ် (ပေါက်ခေါင်း) တို့ကိုရွေးချယ်တယ်…။(၃) မြို့ နယ်စုကော်မတီ ဖွဲ့ စည်း ဖို့ အဆိုပြုတယ်..။(၄) ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် စည်းရုံးရေးကော်မတီရုံးကို ပဲခူးမြို့ မှာ ဖွင့်မယ်..။ဖွင့်ပွဲကို(၁၂.၈.၈၉)နေ့မှာ လုပ်မှာ ဖြစ်လို့  တမြို့ နယ် ကိုယ်စားလှယ် တယောက်စေလွှတ်ရမယ်..။
(၅)မြို့ နယ်စုဟာ ဒီကိစ္စတွေကို ပေါင်းတည်ကို အသိမပေးဘဲ (၂.၈.၈၉)နေ့က ပြည်ရွှေတောင်ပေါက်ခေါင်းသဲကုန်း လေးမြို့ နယ် သာ စုပြီး စာတမ်းပြုစုတယ်..။(၁၀.၈.၈၉)နေ့မှာ မှ ခြောက်မြို့ နယ် အစည်းအဝေးခေါ်တယ်..။အစည်းအဝေး ခေါ်တော့လဲ နေ့လည် (၁၂)နာရီ ကို အချိန်သတ်မှတ်ပြီး(၁၀)နာရီမှာ ပေါင်းတည်က တရားမ၀င်တက်တဲ့  ဦးခင်မောင်ဇော်ကို ပေါင်းတည်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပြီး အစည်းအဝေးလုပ် ပုံဟာ မရိုးသားဘူးလို့  ခံစားမိတဲ့ အကြောင်း နဲ့  ကျနော်နဲ့  ဦးမြင့်စိုးတို့ နှစ်ဦး တိုင်ပင်ပြီးကျနော်ကန့်ကွက်ခဲ့ တယ်..။အခု မြို့ နယ်အစည်းအဝေးကို တင်ပြပါတယ်…လို့ ပြောပါတယ်..။
အတူ အစည်းအဝေး တက်တဲ့  ဦးမြင့်စိုးကလည်းကျနော့်လိုပဲ ပြည်က လူလည်လုပ်တယ်လို့ခံစားရကြောင်း ပြောပါတယ်..။ပြည်အစည်းအဝေးကိုပေါက်ခေါင်းကိုယ်စားလှယ်များ နဲ့  အတူ တက်ခဲ့ တဲ့ ဦးခင်မောင်ဇော်ကတော့ သူက အစည်းအဝေးကို တရားဝင်တက်တာ
မဟုတ်ပါဘူး..။ဆရာကြီးတို့ မလာခင် မှတ်သားထားဖို့သာ တက်တာပါ လို့ ပြောပြီး..။ဗဟိုမှာ ဖြစ်နေတဲ့  အနေအထားကို ပြောပြပြီး..။
ဒေါ်စု သဘောထား အတိုင်း တိုင်းမှာ ဗဟိုကို အားဖြည့်ဖို့ အရံ အဖွဲ့  ရှိသင့်ကြောင်း..။ဒါပေမယ့်..မိမိမြို့ နယ်ရဲ့  သဘောထားကိုသာ မိမိ လိုက်နာမှာ ဖြစ်တယ်လို့  ပြောပါတယ်..။
ဒီကိစ္စက အရေးကြီးတာကလဲ တကြောင်း..။လွန်ခဲ့ တဲ့ တပါတ်လောက် အတွင်းမှာ ဒီမိုကရေစီကျတဲ့  အစည်းအဝေးတရပ်ကို တက်ရောက်ဆွေးနွေးနိုင် ခဲ့ ကြလို့ နိုင်ငံရေး တိုးတက်နိုးကြားမှု အဆင့်တဆင့် မြင့် လာပြီဖြစ်တဲ့  ကော်မတီဝင်များဟာ အတော်ကို
တက်တက်ကြွကြွ စိတ်ဝင်စားစွာနဲ့  ဆွေးနွေး ကြပါတယ်..။အစည်းအဝေး ကျင်းပတာကိုတောင် ခါတိုင်းလိုလူဝင်လူထွက်များတဲ့  အောက်ထပ်ရုံးခန်းမှာ မကျင်းပဘဲ အိမ်ရှင်ကို ခွင့်တောင်းပြီး အပေါ်ထပ်မှာသီးသန့် အချိန်ယူပြီး ဆွေးနွေးကြတယ်..။
နိုင်ငံရေး ပါတီ တခုမှာ ဒီလို အစည်းအဝေးမျိုးတွေကို စည်းကမ်းတကျဒီမိုကရေစီကျကျ ကျင်းပနိုင်ရင်အစည်းအဝေး တခုဟာ နိုင်ငံရေး ရက်တို သင်တန်း တခုလောက် တာသွားတယ်ဆိုတာကို..ကျနော့်ရဲ့ ကျောင်းသားဘ၀ ကျောင်းသားလှုပ်ရှားမှုတွေ အတွင်း မှာ တွေ့ ကြုံခံစားခဲ့ရတာမို့ ဒီလို အစည်းအဝေးမျိုးကို အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆွေးနွေးစေကာ အလေ့အကျင့်လုပ်ပေးပါတယ်..။ နောက်ဆုံးတော့ ….(၁)အချက် ဗဟိုကို မကျေနပ်တာထက် အားမရဘူးဆိုတာကို အားလုံးလက်ခံတယ်..။(၂)အချက် တိုင်းအရံဖွဲ့ စည်းရေးကိုတော့ လောလောဆည် စည်းရုံးရေးမပြိုကွဲစေဖို့အတွက် လက်မခံဘူး။ပေါင်းတည်မြို့ ရဲ့  သီးသန့်သဘောထားကို ဗဟိုကို တင်ပြမယ်..။(၃)မြို့ နယ်စု ဖွဲ့ စည်းတယ် ဆိုတဲ့ အစား တိုင်းမှာ မြို့နယ်စု တာဝန်ခံတယောက် ထားတာမျိုးလောက် ဖြစ်သင့်တယ်..။ဒါကိုလည်း ပေါင်းတည်မြို့ နယ်ရဲ့  သဘောထားကိုသီးသန့်တင်ပြမယ်..။
(၄)ပဲခူးတိုင်း စည်းရုံးရေးကော်မတီရုံးကို ပဲခူးမှာ ဖွင့်တာလက်ခံတယ်..။ဖွင့်ပွဲကို မြို့ နယ်က တက်ဖို့ကိုတော့ တရားဝင်ဖိတ်စာကို တိုင်းစည်းက ပေးရင် တက်မယ်..။တက်မဲ့ ကိုယ်စားလှယ် အဖြစ် ဦးဖေမြင့်ကို သတ်မှတ်တယ်..။(၅) မြို့ နယ်စုနဲ့  တိုင်းစည်းမှ တာဝန်ရှိသူ တချို့ ရဲ့ လုပ်ပုံလုပ်နည်းဟာ စည်းရုံးရေးရာ ကျင့်ဝတ်တွေနဲ့မကိုက်ညီဘူး..။ဒါကြောင့် သံသယရှိတယ်..။ဒါပေမယ့် အဖွဲ့ ချုပ်စည်းရုံးရေး မပျက်ပြားစေဖို့ ဒီကိစ္စကိုခုအတောအတွင်း သဘောထားကြီးကြီးထားပြီး ခွင့်လွှတ်လိုက်မယ်လို့  ဆုံးဖြတ်ကြပါတယ်..။
ချုပ်လိုက်ရင် မြို့ နယ်စု စာတမ်းကို ပေါင်းတည်ကလုံးဝဥသုံ လက်မခံပါ…။အချို့ အချက်များမှာ ထောက်ခံ ပေမယ့် တချို့  အချက်တွေကိုတော့ သဘောမတူနိုင်လို့ သီးခြားစာတမ်းတင်မယ်လို့ပြည်မြို့ နယ်စုကို စာပြန်လိုက်ပါတယ်..။ ဒီစာကိုလည်း တိုင်းဖွင့်ပွဲ
တက်မယ့် ပြည်မြို့ က လူတွေကိုဘူတာက စောင့်ပေးလိုက်ပါတယ်..။မိတ္တူ တစောင်ကိုလည်း တိုင်းစည်းရုံးရေး
ကော်မတီကို ပေးလိုက်ပါတယ်…။ ။