>Buffalo Burmese marked 23rd Anniversary of 88 People Uprising

>

နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ မြန်မာများ ၂၃နှစ်မြောက် ၈၈၈၈အခမ်းအနား ကျင်းပ
ထက်ရာဇာ။ သြဂုတ်၊၈၊၂၀၁၁
သြဂုတ်လ ၇ ရက် နေ့လည်ပိုင်းက အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ ဘတ်ဖဲလိုးမြို့ရှိ မြန်မာဒီမိုကရေစီအင်အားစုများ စုပေါင်းပြီး ၊ ၂၃ နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ အခမ်းနားကျင်းပရခြင်းနဲ့ ပတ်သက်လို့ ဦးစီးကျင်းပသူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနီတွတ်ကျော်က အခုလိုပြောပြပါတယ်။
“ ရှစ်လေးလုံးအရေးတော်ပုံကို မမေ့ဖို့ အထူးတိုက်တွန်းလိုပါတယ်”
အခမ်းနားကိုအလေးပြုခြင်း သုံးရပ်နဲ့ ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာမကြေဘူးသီချင်းကို သံပြိုင်သီဆိုခြင်းနဲ့ အခမ်းနားကို ရုပ်သိမ်းခဲ့ပါတယ်။