>
မမေ့အပ်တဲ့ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်
ဒေါင်းမလေး (မန္တလေး)
သြဂုတ် ၆၊ ၂၀၁၁
သြဂုတ် ၆၊ ၂၀၁၁

ဒီနှစ် ဒီလ
မေ့မနေနဲ့ သူငယ်ချင်း
ဒီလ ဒီရက်
စစ်ဘီလူး အာဏာရူးတွေရဲ့
ရဟန်း၊ သံဃာ၊ ကျောင်းသူ၊ ကျောင်းသား
အသက်သွေးချွေး ပေးဆပ်ကြတဲ့သူတွေထဲမှာ
မင်းသူငယ်ချင်းလဲပါ …
ဒို့သူငယ်ချင်းလဲပါ …
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်မှာ
ဦးဆောင်ဆင်နွှဲ မြန်မာပြည်ငြိမ်းချမ်းရေးပွဲ
ရှစ်ဆယ့် ရှစ်ရဲ့
ခွပ်ဒေါင်းအတွက်
အခုချိန်ထိ သွေးမတိတ်သေးဘူး
သွေးစိမ်းရှင်ရှင် ရှိတုန်းဘဲ
နှစ်ဆယ့်သုံးနှစ်သာ ကြာသွား
ဒို့ရင်ထဲမှာ ပူပူနွေးနွေးဖြစ်နေဆဲ
ဘယ်တော့မှ မေ့မနေကြနဲ့ သူငယ်ချင်းတို့ရေ
ဆယ်ကမ္ဘာကြွေ ဆယ်ကမ္ဘာသေလည်း
ငါတို့ရင်ထဲ အစဉ်စွဲကာ
ဥဒါန်း ဘယ်ခါ ကြေအံ့နည်း။