>88 – 23 year – Free T Shirt Distribution

>

၈လေးလုံး ၂၃ နှစ်မြောက် အထိမ်းအမှတ် ဒီဇိုင်းတီရှပ် ရိုက်နှိပ်ပြီး အခမဲ့ဖြန့်ချိမည်
မိုးမခအထောက်တော်၊ နယူးယောက်၊ သြဂုတ် ၃၊ ၂၀၁၁
နယူးယောက်မြို့တွင် ရောက်ရှိနေထိုင်သူ၊ ၈လေးလုံးမျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ဂရပ်ဖစ်ဒီဇိုင်း ကိုမျိုးက သူ၏ချွေးနဲစာကို စိုက်ထုတ်ပြီး ၈လေးလုံး ၂၃ နှစ်အမှတ်တရ အထိမ်းအမှတ်ဒီဇိုင်းတီရှပ်၊ အထိမ်းအမှတ် ပို့စ်ကဒ်တွေကို ရိုက်နှိပ်မယ့်အကြောင်းနဲ့ နယူးယောက်က ၈လေးလုံး အခမ်းအနားကို တက်ရောက်လာတဲ့ ဧည့်သည်တွေကို မေတ္တာလက်ဆောင်ပေးမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အထိမ်းအမှတ်တီရှပ်တွေကို အထည် ၃၀၀ ရိုက်နှိပ်ထားပြီး အခြားမြို့နယ်၊ ပြည်နယ်များက အခမ်းအနားတွေကိုလည်း ပေးဝေမျှမယ့် ဆန္ဒရှိတယ်လို့ ပြောထားပါတယ်။
          “လောလောဆယ် မိုးမခမီဒီယာက အခုလှမ်းတောင်းတယ်၊ သူတို့ဆန်ဖရန်ဘေးဧရိယာမှာ ၈လေးလုံး ၂၃ နှစ်ပွဲကို မြို့နယ်အခြေစိုက် နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားတွေ စုစည်းပြီး လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ နယူးယောက်မှာကလည်း တိုင်းရင်းသားတွေ၊ အဖွဲ့တွေ၊ ရွှေဝါရောင်သံဃာတော်တွေပါ စုဝေးပြီး အခမ်းအနားကျင်းပကြမှာ ဖြစ်တယ်။” ဟု ကိုမျိုးက ပြောလိုက်ပါတယ်။
          ဂရပ်ဖစ်ဒီဇိုင်းကိုမျိုးဆိုတာ နှစ်စဉ်နှစ်တိုင်း မြန်မာ့နိုင်ငံရေးအထိမ်းအမှတ်များ၊ ဖြစ်ရပ်များ၊ အမှတ်တရများကို ပန်းချီ ဂရပ်ဖစ်ဒီဇိုင်းများ ဆွဲပြီးတော့ အင်တာနက်ကတဆင့် နိုင်ငံတကာအနှံ့ စေတနာ့ဝန်ထမ်း ဖြန့်ချိသူ ဖြစ်ပါတယ်။ သူ့ဒီဇိုင်းတွေ ပိုစတာတွေ ပို့စကဒ်တွေဟာ မြန်မာပြည်တွင်းအထိ ပြန့်နှံ့တဲ့အပြင် အင်န်အယ်ဒီရဲ့ အခမ်းအနားတွေမှာပါ သူ့ပိုစတာတွေ ပို့စကဒ်တွေ ပုံနှိပ်ပြသထားလေ့ရှိတာ တွေ့ရပါတယ်။