Hinthada – names of pagoda donors changed without consent

ဘုရားမူလအမည်ကို ပြောင်းရန် ဘုရားလူကြီးများက ကြံ

ဟင်္သတာမီဒီယာ၊ မေ ၁၁၊ ၂၀၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ သုံးပင်ကွင်းရပ်ကွက်တွင် တည်ထား၊ကိုးကွယ်လျက် ရှိသော ဘုရားငါးဆူစေတီတော်ကြီး၏ ဘုရားလူကြီးများသည်
မူလလှူဒါန်းထားသော အလှူရှင်များ၏ ဘုရား၏အမည်ကို အလှူရှင်များကို အသိမပေးဘဲ အခြားအမည်ဖြင့် အစားထိုးခြင်း၊
ပြောင်းလဲခြင်းများ ပြုလုပ်ခြင်း၊ ကြံစည်ခြင်းတို့ကြောင့် ရပ်ကွက်က နိုင်ငံတော်သံဃမဟာနာယကအထိ စာတင်ပြထားခဲ့ကြောင်း၊ သက်ဆိုင်ရာက
တုန့်ပြန်သည့် ညွှန်ကြားစာကို ဂေါပကများ သက်ဆိုင်ရာလူကြီးများထံ ရောက်ရှိလာသည်မှာ ၈
လခန့် ရှိပြီ ဖြစ်သော်လည်း မည်သည့်အရေးယူမှု၊ ပြင်ဆင်မှုများ
မလုပ်သေးသဖြင့် မီဒီယာကနေတဆင့် ဗျို့ဟစ်လိုက်ရပါသည် ခင်ဗျား။       ။