>Martyrs Day Songs

>

မော်ကွန်းဝင် အာဇာနည်သီချင်းများ
မိုးမခ
ဇူလိုင် ၁၄၊ ၂၀၁၁


မိုးမခပရိတ်သတ်ကြီးအတွက် ရုပ်ရှင်မင်းသားကြီး ၀င်းဦးသီဆိုထားသည့် ”အာဇာနည်များ ခြွေသည့်စကား” သီချင်းအား တင်ဆက် ဖော်ပြလိုက်ရပါသည်။
◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊ ◊

အာဇာနည်များ ခြွေသည့်စကား
ရေးစပ်သီကုံးသူ – အမည်မသိ
သီဆိုသူ – ၀င်းဦး


(အာဇာနည် ညီဂုဏ်ထု ဖော်ကျူးအမွှန်းတင် xxx ကျေးဇူးဂုဏ်အင် xxx ဆင်ခြင်တွေးရှုမြင် xxx ဇာနည်ဘွား မြန်မာပြည်သား သန်ထွားဖို့အရေးလျှင် xxx အာဇာနည်မိန့်ခြွေဒီစကား ဦးထိပ်ပန်ဆင် xxxx) ၂

တောင်ပေါ်မြေပြန့် မြိုင်ပသန့် ၀ဋ္ဌာဘွေတခွင် xxxx တိုင်းရင်းသား တို့ညီကိုတွေအစုံအလင် xxxx စည်းလုံးညီညာ ပြည်သာဖို့အရေး
တွေးဆမျှော်မြင် xxx ပြည်တွင်းပြည်ပအန္တရာယ် ရန်စွယ်မှန်သမျှလျှင် xxx ပူးပေါင်း၍ တို့နှိမ်နင်းသုတ်သင် xxxx

လူသားကောင်းကျိုး မျှော်ကိုးကာအစဉ် xxx အသက်ကိုပင် ပဓာနမထား ကြိုးစားလို့ပင် xxxx အာဇာနည်ဘွဲ့အမည်မော်ကွန်းတွင် xx ပြည်သာယာရေး ရှေ့ရှုဆင်ခြင် xxx စုပေါင်းအများ ကြိုးစားကြစို့ထာဝစဉ် xxx

(အစအဆုံး ပြန်ဆို)
သီချင်းအား ဒီနေရာတွင် နားဆင်နိုင်ပါသည်။