>
ဇော်ဂျီဖောင့်ကို အိုင်ဖုံးနဲ့ အင်ဒရိုက်မှာ ဖတ်နိုင်ဖို့
ကမာရွတ်သား၊ ဇူလိုင် ၁၃၊ ၂၀၁၁
ခဏ ခဏမေးနေလို့ မြန်မြန် ဖြေထားလိုက်ပါတယ်။
အိုင်ဖုံးသမားတွေက ဖုံးထဲက Apps Store ကိုသွားပြီးတော့ Zawgyi ဆိုတာကို ရှာလိုက်ပါ။ အဲသည်မှာ iBrowser MM App (Free) ရှိတယ်။ အဲဒါက Zawgyi Font နဲ့ အင်တာနက်တွေ၊ အီးမေးတွေ၊ ချက်တွေ၊ ဖေ့စ်ဘွတ်တွေကို ကြည့်တဲ့ စနစ် ဖြစ်တယ်။ ဒါဆိုရင် ဇော်ဂျီနဲ့ မြန်မာဝက်ဆိုက်တွေ၊ အီးမေးတွေ ဖတ်လို့ရပြီ။
အင်ဒရိုက်သမားတွေကတော့ ဖုံးကို Root လုပ်မှ ရမယ်လို့ ဆိုတယ်။ ဇော်ဂျီ TTF Font ကို အင်ဒရိုက်ဖုံးထဲက FallBackFont.TTF နဲ့ လဲပြီး အလွယ်နည်း သုံးတာ ဖြစ်ပါတယ်။ ကွန်ပျူတာ၊ ယူအက်စ်ဘီကေဘယ်၊ ဂျားဗား အင်ဒရိုက်အက်စ်ဒီကေ လိုမယ်။ Hack / Root လုပ်တဲ့ Script လိုမယ်။ ဂူးဂဲမှာ Rooting Android ဆိုရင် အများကြီး တွေ့လိမ့်မယ်။ နောက်တနည်းကတော့ ဂျာဗား၊ အီးကလစ် Eclipse က File Explorer ကနေ ဖောင့်ဖိုင်ကို အင်ဒရိုက်ရဲ့ ဖောင့်လိုက်ဘရီထဲကို တွန်းထည့်လိုက်တာလို့ ဆိုတယ်။
အဲသလောက်ဆိုရင် ရပြီ ထင်တယ်။
နောက်ပိုင်းမှာတော့ ၀က်သမားတွေက သူတို့ဝက်ဆိုက်ထဲမှာ ဖောင့်တွေကို Embed လုပ်ထားလာကြပြီ။ မိုဘိုင်းဘရောက်ဇင်းအတွက်လည်း ဖောင့်တွေကို အမ်ဘက်လုပ် တခါတည်း ပူးတွဲပြီး ထည့်ရေးထားတယ်။ ဥပမာ – အင်း ဥပမာလည်း မပေးတော့ဘူး။ ရှာကြည့်လိုက်ဗျာ။