>Than Htay maung – IF

>

အကယ်၍
သန်းဋ္ဌေးမောင်
ဇွန် ၃၀၊ ၂၀၁၁
အကယ်၍ 
အကျဉ်းထောင်တခုတွင်
ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသူတဦး ရှိနေလျှင် …
အကယ်၍
နိုင်ငံသားတဦးသည်
လူ့ အခွင့်အရေးတို့  ဆုံးရှုံးပြီး  စိတ်သောကရောက်နေရပါလျှင် …
အကယ်၍
တဦးတယောက်၊ အဖွဲ့ တဖွဲ့ မှ 
နိုင်ငံတော်အာဏာကို ချုပ်ကိုင်၍ ဗိုလ်ကျစိုးမိုးနေပါလျှင် …
အကယ်၍ …
အကယ်၍ …
အကယ်၍ …တို့ ရှိနေသေးလျှင် …
ထိုနိုင်ငံသည်
မသန့် ရှင်းသောအစိုးရ၏ ညံ့ဖျင်းသော အုပ်ချုပ်ရေးတို့ ဖြင့်…
မည်သူတဦးတယောက်မျှ မလွတ်လပ်သေးပေ … …။
(သရုပ်ဖော် သန်းဋ္ဌေးမောင်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts