>
ဧည့်သည်သည် အိမ်ရှင်ကိုမစော်ကားသင့်
တူမောင်ညို
ဇွန် ၂၉၊ ၂၀၁၁
တူမောင်ညို
ဇွန် ၂၉၊ ၂၀၁၁
ကချင်ပြည်နယ်မှာ KIA နဲ့ စစ်ရေးပဋိပက္ခဖြစ်တော့ (DUHD) ကုမ္ပဏီမှ ကျွမ်းကျင်သူ ၂၁၅ ဦး သူတို့ နိုင်ငံ သူတို့ မှဲ့တပေါက်မစွန်းပဲ ပြန်သွားနိုင်ခဲ့ပေမယ့် အရှင်ဖမ်းမိသွားတဲ့ KIO ဆက်ဆံရေးရုံးမှ ဒု တပ်ကြပ် ချန်းယိန်း စစ်တပ်က ညှင်းပန်းနှိပ်စက်တာခံရတယ်။ အသတ်ခံရတယ်။
မန္တလေးကျောက်ဝိုင်းက ဝယ်သူနဲ့ရောင်းသူပြဿနာမှာလည်း ဝိုင်းဝန်းထိုးကျိတ်ခံရသူ ကိုမော် ဆေး ရုံရောက်ရတယ်။ ဝိုင်းဝန်းထိုးကျိတ်တဲ့ “ပြည်မကြီး”က လူတွေကိုတော့ မခံမရပ်နိုင်ဖြစ်ကြရတဲ့ လူစုလူဝေးထဲကနေ ဘေးလွတ်ရာသို့ အမှတ် (၇) ရဲစခန်းမှ ရဲများက အင်အားအပြည့်နဲ့လာပြီး ကယ် ထုတ်သွားတယ်။
လူမျိုးရေးမုန်းတီးမှု၊ လူမျိုးရေးအဓိကရုဏ်း၊ ဘာသာရေးပဋိပက္ခ၊ ဘာသာရေးအဓိကရုဏ်း လုံးဝမလိုလားပါ ဘူး။
မြန်မာပြည်သူတရပ်လုံး ကလည်း အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့ တပည့်သားမြေးတွေပီပီ “ဓါးသွေးလောက်တယ်မထင်” ပါဘူး။ ဒါပေမယ့် “ရာဇဝင်အရိုင်းမခံနိုင်ကြသူတွေ” ဖြစ်ပါတယ်။
“ဧည့်သည်သည် အိမ်ရှင်ကိုမစော်ကားသင့်”
မတရားအနိုင်ကျင့်ရန်ပြုလာ မယ်ဆိုရင်တော့ “ထိုင်ဝမ်”ကပဲဖြစ်ဖြစ်၊ “ပြည်မကြီး”ကပဲလာလာ ငုံ့ခံနေလို့ မဖြစ်ပါဘူး။ ကျောင်းမှန်း ကန်မှန်းသိသွားအောင် တော့ လိုအပ်သလို တုန့်ပြန်ကြရမှာဖြစ်ပါတယ်။
ရောင်းသူကလည်း သူ့ပစ္စည်းကို မျိုးမျိုးမြက်မြက် ဈေးနဲ့ရောင်းချင်တယ်။ ဝယ်သူကလည်း အချိုဆုံး အချောင်ဆုံးဈေးနဲ့ ရလိုတယ်။ ဤသည်မှာဘာမျှမဆန်းသော အရောင်းအဝယ်လောက၏ ဖြစ်ရိုးဖြစ်စဉ် တရားတခု။
သို့ဖြင့် ရောင်းသူက သူ့ပစ္စည်းကို ဈေးပိုပေးသူ (ကျပ် ၅ သိန်းပိုပေးသူ) ထံရောင်းလိုက်တယ်။ ထိုအခါ ဝယ်မည်ဟု ပထမဈေးဆိုင်ထားသူများက ရောင်းလိုက်တဲ့သူကို သူတို့ထံခေါ်ပြီး ဝိုင်းဝန်းထိုးကျိတ် လိုက်ကြတယ်။
ရောင်းသူသည် သူ့ပစ္စည်းကို ဈေးပိုပေးသူထံရောင်းချမည်သာ။
ဝယ်မည်ဟုပထမဈေးဆိုင်ထား သူများက သူတို့ထံခေါ်၍ ဝိုင်းဝန်းထိုးကျိတ်ခြင်းသည်သာ မလုပ်သင့် မလုပ်ထိုက်သောကိစ္စ ဖြစ်ပါတယ်။ ဤလုပ်ရပ်မှာ စော်ကားသောလုပ်ရပ်ဖြစ်ပါတယ်။
ဖြစ်ရပ်မှာ ရောင်းသူဝယ်သူတွေကြားက ဖြစ်ရိုးဖြစ်စဉ်ကိစ္စမျှသာဖြစ်ပါ တယ်။ သို့သော်လည်း “ကမ္ဘာ မကြေဘူးသီချင်း” သီဆိုပြီး လူစုလူဝေးဖြစ်သွားရတာ ဘာကြောင့် လဲ။
လက်ငင်းခံလိုက်ရတဲ့ “အနိုင်ကျင့်ရန်ပြုမှု” ကိုသာမကဘဲ အနှစ်နှစ် အလလ ခဲခဲသိပ်သိပ် မျိုသိပ် ကျိတ်မှိတ်ထားခဲ့သမျှ မကျေနပ်မှုတွေကိုပါ စုပြုံပြီး တုန့်ပြန်လိုက်ပုံပေါ် ပါတယ်။
ဤသည်မှာ မနေ့က (ဇွန် – ၂၇) ဖြစ်ပွားခဲ့တဲ့“ေ ရာင်းသူဝယ်သူရန်ပွဲ” အပေါ် ကျနော့် အမြင်နဲ့ ကျနော့် အတွေးမျှသာ ဖြစ် ပါတယ်။
မန္တလေးဆိုတဲ့ အမျိုးကောင်းသတို့သမီးဟာ မချစ်မနှစ်သက်သောသူနဲ့ပေါင်းသင်းနေခဲ့ရတာကြာခဲ့ပြီ။
မန္တလေးရဲ့အသည်းနှလုံး၊ မန္တလေးရဲ့ဒိတ်ဆိုတဲ့နေရာတွေ၊ ချက်ကျတဲ့အကွက်အကွင်းကောင်းတွေ မှန်သမျှ တပြည်သား အသားဖြူတွေရဲ့လက်ထဲမှာလေ။ “မန္တလေးကို တရုတ်သိမ်းသွားပြီ” လို့ပြောကြတာကို ကျနော်မထောက်ခံပါဘူး။
ဒါပေမယ့် မန္တလေးရဲ့စီးပွားရေးအသက်သွေြးေ ကာမှန်သမျှ သူတို့လက်ထဲမှာဆိုတဲ့အချက်ကို ကျနော် တို့ ငြင်းပယ်လို့မဖြစ်နိုင်ပါဘူး။ မန္တလေးဟာ သူတို့နဲ့ကင်းပြီး အသက်မရှူနိုင် တော့ပါဘူး။ တရုတ်စကားဟာ မန္တလေးရဲ့ဒုတိယဘာသာစကား ဖြစ်နေပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေတောင် တရုတ်ဘာသာ နဲ့ ရေးထိုးထားတယ်လေ။
“မန္တလေး … မန္တလေး …. ကျနော်တို့ ရွှေမန်းတလေး” ဆိုတဲ့ သီချင်းကို မန္တလေးသားတွေ မသီဆိုနိုင် တော့ပါဘူး။ “ကျနော်တို့ ရွှေမန်းတလေး” ဟာ “သူတို့ မန္တလေး” ဖြစ်သွားခဲ့ပြီ။
“သူတို့မန္တလေး” ဖြစ်သွားရတာရဲ့ အဓိကအကြောင်းရင်းဟာ (နဝတ-နအဖ) စစ်အစိုးရရဲ့ “လင်သေ ကြွေးပူ” တနပ်စား စဉ်းစားတွေးခေါ်လုပ်ဆောင်မှုတွေနဲ့  အကုန်ရောင်းအကုန်အဝယ်မယ်ဆိုတဲ့ ပေါက် ဖော် စီးပွားရေးတို့ရဲ့ ရလဒ်သာဖြစ်ပါတယ်။
“မန္တလေး၏ အရုဏ်ဦးသည် အမြဲလိုလိုလှနေတတ်၏။ သို့ရာတွင် မန္တလေး၏ ကိုလိုနီအရုဏ်ဦးကား လှပခြင်းမရှိ” လို့ ဆရာမြသန်းတင့်က ရေးခဲ့ဖူးပါတယ်။
ကျနော့်ကိုလည်း ယခုကဲ့သို့ ထပ်မံဖြည့်စွက်ခွင့်ပြုစေလိုပါ တယ်။
တရုတ်လွှမ်းသော မန္တလေး၏ အာရုဏ်ဦးသည်လှပခြင်းမရှိကြောင်းနှင့် နန်းအကြား နေညိုသန်းချိန်ကို မန်းသား လူညိုယဉ်များ မခံစားနိုင်တော့ပါကြောင်း …။
မြို့ချစ်စိတ်၊ ပြည်ချစ်စိတ်နဲ့ရေးလိုက်တာပါ။