>
ဇွန် ၂၅၊ ၂၀၁၁

ကြယ်တွေချို့တဲ့နေတဲ့ ကောင်းကင်ကြီးကို မကြည့်ရက်လို့
မူးနေအောင်များသွားပြီး များနေအောင်မူးသွားခဲ့တဲ့ ညတွေက
အော့အန်ပြီး လန်ထွက်နေကြတယ် …
လူမသိသူမသိ ရင်ထဲငြိနေတဲ့စကားလုံးတွေနဲ့
လူမကြားသူမကြား စာသားတွေရေးခြစ်နေရလို့
နေဝင်ချိန်အထိ မျက်နှာမသစ်မိခဲ့တဲ့နေ့တွေက
ကော့ပျံပြီး လန်ထွက်နေကြတယ် ….
စနေ တနင်္ဂနွေ
အပျင်းပြေချက်တင်းတွေကို ငြီးငွေ့လွန်းနေတော့
ဂျီတော့ခ်ပြတင်းကိုတွန်းပိတ် အင်ဗစ်ဇစ်ဗဲလ်နဲ့မီးမှိတ်ထားလိုက်ပြီး
အဆင်မပြေတဲ့ဆင်ခြေတွေနဲ့ အဆင်ပြေပြေနေတတ်အောင်
ဇော်ကြီးကဗျာထဲက မသေမရှင်တချို့ကို တပိုင်းပိုင်း
နာနာကျင်ကျင်မျှော်လင့်ခြင်းမိုးတွေပဲ တဒိုင်းဒိုင်းရွာချနေရတယ် …
ဒေးလီးပလန်နာထဲမှာ
ပြီးခဲ့တဲ့သောကြာ မယ်လကတစုအတွက် စားသောက်စရာပြင်ဆင်
ဒီကနေ့တနလာင်္ အုန်းဖျန်ကတစုအတွက် နေစရာအိမ်ခန်းရှာ
မနက်ဖြန်အဂါင်္ ထပ်ရောက်လာမယ့် နို့ဖိုးကတယောက်အတွက် သက်ဆိုင်သူတွေဆီကိုဖုန်းဆက် …
ကိုယ်ပိုင်စာမျက်နှာပေါ်မှာတော့
မွကြေနေတဲ့ ဘဝအကြောင်းနဲ့
မျှဝေစရာမကောင်းတဲ့ စစ်ဒဏ်ရာအဟောင်းအနွမ်း အိမ်ပြန်ချင်တဲ့အလွမ်းတွေပဲရှိတယ်…
ငါ့အတွက်တော့
ဘုရားစူးအမေရိကန်မှာ လန်ထွက်နေတဲ့ အလန်းတွေမရှိတာသေချာတယ် …။ ။