>
ထိုင်းနိုင်ငံ၊ မဲဆောက်တွင်ကျင်းပ
သီးလေးသီး သီးညီနောင်အဖွဲ့သားများမှ အငြိမ့်သဘင်ဖြင့် ဖျော်ဖြေ
ဇွန် ၂၃၊ ၂၀၁၁
ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြုလုပ်ေ သာ ပထမအကြိမ် စုပေါင်းဆွမ်းဆန်စိမ်းအလှူပွဲအခမ်း အနား အောင်မြင်သည့်အထိမ်းအမှတ်အဖြစ် သီးလေး သီး သီးညီနောင် အငြိမ့်သဘင် ဖြေဖျော်တင်ဆက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆) နှစ်မြောက်မွေးနေ့မင်္ဂလာဖြစ်သောကြောင့်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သီးလေးသီး သီးညီနောင် မောင်နှမများမှ အနုပညာဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။
အငြိမ့်သဘင်အဖွင့်တွင် ကဗျာဆရာမောင်လွဏ်းဏီရေးသားပေးသည့် (၆၆) နှစ်မြောက် မွေးနေ့ဂုဏ်ပြုခွန်းေ တာက်ဖြင့် ဖွင့်လှစ်ခဲ့ပြီး မင်းသမီးရွေရည်မှ သီချင်းရေးဆရာသူရိန်ထက်ရေးသားပေး သည့် မြင့်မြတ်အာဇာ နည်တေး သီချင်းဖြင့် အမေစုအားသီဆိုဂုဏ်ပြုကြကြောင်းလဲ သိရသည်။
အဆိုပါပွဲတွင် ထူးထူးခြာခြား မည်သည့်ပျက်လုံးများဖြင့် ပရိတ်သတ်အားဖျော်ဖြေခဲ့ကြသည်ကို လူရွင်တော်ပန်း သီးအားမေးမြန်းကြည့်ရာ ..
(အိမ်မက်ထဲမှာ အမေစုနဲ့ တွေ့တယ်။ အမေစုကို သိချင်တာလေးတွေမေးတာပေါ့ … ..
အမေ နေပြည်တော်မှာ ဘာတွေတွေရှိလဲအမေဆိုတော့ …
အမေက သားရယ် နေပြည်တော်မှာ တိစ္ဆာန်တွေပေါတယ်လေ။ ပြီးတော့ လူရုပ်ကြီးတွေလဲရှိတယ် သားရဲ့ …
ပြီးတော့ ထပ်မေးတာပေါ့ …။
အမေ အစိုးရဆိုတာ ဘာကိုခေါ်တာလဲအမေ
အမေကပြောတယ် … အစိုးရဆိုတာ အစရိုးတာပေါ့သားရယ်တဲ့ …။
လူရွှင်တော်ပန်းသီးမှ ပြောပြခဲ့ပါသည်။
ထို့ပြင် အပြုသဘောဆန်သည့် ပျက်လုံးအချို့အား ဆက်လက်ပြောပြခဲ့ပါသည်။
တဘောင်သီချင်း
(အာရပ်ဆိုတဲ့ တိုင်းပြည်မှာကွယ် ပြည်သူတွေညိညွတ်အား နိုင်ငံရေးသမားတွေစည်းလုံးထား .. အာဏာ ရှင်ပြုတ်လို့သွား ….)
(တို့များ ရွှေမြန်မာတွေမှာကွယ် … ၂ ယောက်ရှိရင် ၂ ဖွဲ့ကွဲ အစည်းအဝေးဆိုရင်ဖိုက်တင်ပွဲ … အရက်ဝိုင်း ဆိုညီစေမြဲ … တို့ရွှေမြန်မာဘဲ …)
(နိုင်ငံခြားကတိုင်းပြည်မှာကွယ် … တနာ၇ီဆို ဒေါ်လာ ၂၀ ပေး … အချိန်ပိုဆို ၂ ဆပေးအလုပ်သမားအခွင့်ရေး ….)
(မဲဆောက်ကရွေမြန်မာတွေမှာကွယ် … တနာရီဆို ၉ ဘတ်ဈေး … တရက်ဆို (၇၀) ပေးအပြင်ထွက်ရင် ထိုင်း ရဲမေး … ဆာဝါ၇ီခဆို (၂၀၀) ပေး …)
စသည့် လက်ရှိအဖြစ်အပျက်ကလေးများအပေါ်တွင်လည်း သရော်ပျက်လုံးများထုတ်ခဲ့ကြပြီး နောက်ဆုံး ဖိုးဇော် (စကားမြေ) ရေးသားပေးသည့် အိုမေမေဆိုသည့် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုတေးသီချင်းဖြင့် သီဆို ဂုဏ်ပြုခဲ့ကြကြောင်း သီးလေးသီး သီးညီနောင်အဖွဲ့သားများက မိုးမခသို့ ပြောကြားခဲ့သည်။