>
သွေးလှူခြင်းနှင့် ငါးလွှတ်ပွဲကျင်းပ
မြန်မာဒီမိုကရေစီမီးရှူးတိုင်လည်းဖြစ်၊ ငြိမ်းချမ်းရေးနိုလ်ဘယ်လ်ဆုရှင်လည်ဖြစ်သည့် အပြင် ပြည်သူအေ ပါင်း လေးစားချစ်ခင်ကြသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင်ကျရောက်ခဲ့သည့် ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရှိ မြန်မာပြည် သူ/သား များမှ ဇီဝိတဒါနငါးလွှတ်ခြင်း၊ စုပေါင်းသွေးလှူခြင်းနှင့် အခြားသော ကောင်းမှုကုသိုလ်ပြုပွဲများကို သိုက်သိုက် ၀န်းဝန်းကျင်းပသွားခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါကောင်းမှုကုသိုလ်ပြုပွဲများကို မိုးသောက်ကြယ် စာကြည့် တိုက်မှ ကမကထ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၁၁ ကြိမ်မြောက်ရှိသွားပြီဟု တာဝန်ခံတစ်ဦးဖြစ်သူ မတင် တင်ဝင်းမှ ရှင်းပြခဲ့သည်။
“ကျမတို့အနေနဲ့ ကျမတို့လေးစားတဲ့ ချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်း သွေးလှူတာ တို့၊ ဇီဝိတဒါနအဖြစ် ငါးလွှတ်တာတို့ နောက်ပြီး နယ်စပ်မှာရှိတဲ့မြန်မာကလေးစာသင်ကျောင်းတစ်ချို့မှာ အာဟာ ရဒါနကျွေးမွးတာတို့၊ ဆန် ဆီ ဆားအစရှိသဖြင့် လှူတန်းတာတို့ကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပါ တယ်။ သွေးလှူတာနဲ့ ငါးလွှတ်တာက ယခုအကြိမ်နဲ့ဆို ၁၁ ကြိမ်ရှိသွားပါပြီ။ မိုးသောက်ကြယ်စာကြည့်တိုက် အမည်မပေါ်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရောက်တိုင်း ဒေါ်စုကိုလေးစားတဲ့သူတွေနဲ့ အခုလိုမျိုး စုပေါင်းပြုလုပ်နေကြပါ။ ဒီနှစ်မှာတော့ ယခင်နှစ်တွေနဲ့မတူပဲ ကျမတို့နဲ့အတူတကွပူးပေါင်းပြီး ငါးလွှတ်တာတို့ သွေးလှူတာတို့စတဲ့ ကုသိုလ်ပြုပွဲတွေမှာ ပါဝင်လာကြသူများတာကိုတွေ့ရပါတယ်။ ၀မ်းသာမိသလို သာဓု သာဓု သာဓုလို့လည်း လှိုက်လှိုက်လှဲလှဲခေါ်လိုက်ပါတယ်..”ဟု မတင်တင်ဝင်းမှဆိုသည်။
ဇီဝိတဒါနငါးလွှတ်ခြင်းကို ဦးစွာပထမကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြပြီး ယခင်နှစ်ကပြုလုပ်ခဲ့သည့် ဆိုင်းတမ ခရိုင်၊ ခါဝါခုချီ (Kawaguchi)ဘူတာအနီးရှိ Arakawa မြစ်တွင် ပြုလုပ်ခဲ့ကြသည်။
ထို့နောက် နေ့လယ် ၁း၀၀ နာရီတွင် တိုကျိုလျှပ်စစ်မြို့တော်ဟု ခေါ်ဝေါ်နေကြသည့် Akihabaraရှိ သွေးလှူ ဘဏ် ၌ မိုးသောက်ြ ကယ်အဖွဲ့သားများနှင့် ဂျပန်ရှိမြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်း တချို့မှ အဖွဲ့ဝင်များလည်း အတူတကွသွေး လှူ တန်းခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ) မှ အဖွဲ့ဝင်တဦးဖြစ်သူ ကိုထွန်းဝေက “ကျနော်အနေနဲ့ ပုံမှန်သွေး လှူဖြစ်ပါတယ်။ သွေးလှူတယ်ဆိုတာကလည်း လူ့အသက်ကိုကယ်တင်တာ ပဲလေ။ ကောင်းမှုကုသိုလ်ပြုခြင်းတမျိုးပေါ့နော်။ ဒီနေ့မှာ မိုးသောက်ကြယ်က ကမကထပြုပြီးလုပ်တဲ့သွေး လှူခြင်းအခမ်းအနားမှာ အတူတကွကုသိုလ်ပြုတာကတော့ ကျနော်တို့ခေါင်းဆောင် ရဲ့နေ့ထူးနေ့မြတ် (၆၆) နှစ်မြောက်မွေးနေ့လည်းဖြစ်နေတယ်။ အဲဒီ့နေ့မှာ အမှတ်တရအနေနဲ့ ပါဝင်ကုသိုလ်ပြုခြင်းလို့ အခုလို မျိုးသွေးလှူတန်းခြင်းဖြစ်ပါတယ်”ဟုဆိုသည်။
ယခုနှစ်တွင် သွေးလှူဘဏ်များ၌ သွေးလှူတန်းခြင်းဆိုင် လုပ်ထုံးလုပ်နည်းများ အနည်းငယ်ပြောင်းလဲသွားပြီး၊ စည်းကမ်းတချို့ တင်း ကြပ် မှုများရှိလာသော်လည်း အများစုမှာ လှူတန်းခွင့်ရရှိခဲ့ကြသည်။ မိုးသောက်ကြယ် အဖွဲ့သားများနှင့် တခြားသော အဖွဲ့ဝင်များမှ ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် သွေးလှူေ နကြစဉ် မှတ်တမ်းတင်ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်းများကို တာဝန်ခံများမှခွင့် ပြုခဲ့ကြောင်းလည်း တွေ့ရှိရ သည်။
ဓာတ်ပုံ – မင်းညိုဝမ်း