>
စင်္ကာပူမြန်မာတို့ ဒေါ်အောင်ဆန်းစုကြည် ၆၆ နှစ် မွေးနေ့ အလှူကျင်းပ
ဆွမ်းကျွေး၊ သွေးလှူနှင့် မြေကွက်များ လှူဒါန်း
မိုးမခအထောက်တော်၊ စင်္ကာပူ။ ဓာတ်ပုံ ဂျစ်တူးမုံရွာ။
ဇွန် ၂၀၊ ၂၀၁၁
ယမန်နေ့က စင်္ကာပူနိုင်ငံရှိ တိုပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ကိုကျင်းပခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံပါတဲ့အကျီင်္တွေ ရောင်းပါတယ်။ ရောင်းရငွေကို အကျဉ်းသားမိသားစုတွေအတွက် ပေးပို့လှူဒါန်းပါတယ်။ ဘုန်းတော်ကြီးများကို အာရုံဆွမ်းကပ်လှူကြပြီး မွေးနေ့လာဧည့်သည်များကို ကြာဇံဟင်း၊ ကျောက်ကျော၊ အအေး၊ ရန်ကုန်လဘက်ရည်တို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ ဗေဒါပန်းမရနိုင်လို့ ဗေဒါပန်းရောင်ပန်းတွေကို ဘုရားမှာ ကပ်လှူခဲ့ပါတယ်။ သွေးလှူရှင် ၉၀ နီးပါး သွားရောက်ကြပေမယ့် ၇၀ ကျော်သာ သွေးလှူဒါန်းခွင့်ရရှိခဲ့ကြပါတယ်။ ဘုန်းကြီးကျောင်းမြေနေရာ ၁၈ ခန်းစာကိုလည်း ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ကြပါတယ်။
(ဓာတ်ပုံများကို ဆက်လက် တင်ဆက်သွားပါမယ်)