>Fourteen fishermen in Rgn

>

ရေလုပ်သား ၁၄ ဦး သီရိလင်္ကာမှ ပြန်ရောက်ကြပြီ
ဓာတ်ပုံသတင်း
ဇွန် ၉၊ ၂၀၁၁


သီရိလင်္ကာနိုင်ငံ ရေတပ်က ကယ်ဆယ်ခဲ့သည့် မြန်မာပြည်သား ရေလုပ်သား ၁၄ ဦး ရန်ကုန်မြို့တော်တွင် ယနေ့ပြုလုပ်သည့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ရုံး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာပုံ။
ကပ္ပလီပင်လယ်ပြင်တွင် မတ်လက တိုက်ခတ်ခဲ့သည့် လေပြင်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရေလုပ်သား တသောင်းခွဲကျော်တွင် ၎င်းတို့လည်း ပါဝင်သည်။ အိန္ဒိယရေတပ်က ကယ်ဆယ်ထားသည့် ရေလုပ်သား ၁၃၀ ကျော်လည်း မကြာမီ အိမ်ပြန်နိုင်ဖွယ် ရှိသည်ဟု ငါးလုပ်ငန်းအဖွဲ့က ပြောပြသည်။ (ဓာတ်ပုံ နှင့် စာသား – အေပီ)