>
ပထမခရီးစဉ်
၁၉၉၅ ဧပြီ ၁၀ ရက်နေ့တွင် ဂျွန်မက်ကိန်းက ၀န်ကြီး ဗိုလ်မှူးကြီး အေဘယ်၊ မူးယစ်ဗဟို ရဲမှူးကြီး ငွေစိုးထွန်းတို့နှင့် တွေ့ဆုံကြောင်း မြန်မာ့အလင်းသတင်းစာ အင်္ဂလိပ်ပိုင်းတွင် ရေးထားသည်။
http://www.burmalibrary.org/docs3/95-04.txt
ခရီးစဉ်အပြီး ၇ လအကြာတွင် ဂျွန်မက်ကိန်း၏ အင်တာဗျူးက ဘန်ကောက်ပို့စ်တွင် ပေါ်လာသည်။ အယ်ဒီတာတဦးဖြစ်သည့် မြန်မာပြည်ဖွား ရပ် ဘချို (RALPH BACHOE)က ဗျူးထားခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် သတင်းစာတွင် ဖြစ်သည်။
http://www.ibiblio.org/obl/reg.burma/archives/199511/msg00119.html
စစ်ဗိုလ်ချုပ်များက သူတို့လင်မယားကို ၁၉၈၈ ခေါင်းဖြတ်မှုများ ဟူသည့် ဗီဒီယို ပြခဲ့ကြောင်း၊ ဂျွန်မက်ကိန်း၏ ဇနီးက စိတ်ပျက်လက်ပျက်ဖြင့် အခန်းအတွင်းမှ ထွက်သွားကြောင်း ဟူသည့် သတင်းများက မှန်ကန်မှု ရှိမရှိ ဟူသော မေးခွန်းကို ဂျွန်မက်ကိန်းက –
မဟုတ်ပါဘူး။ အခန်းထဲမှာ ပူလွန်းလို့ ကျနော့်မိန်းမက အပြင်ထွက်ပြီး လေကောင်းလေသန့် သွားရှူတာပါ ဟု ပြန်လည် ဖြေကြားခဲ့သည်။
ငြိမ်ပိအစိုးရက ဘာပြောချင်နေတာလဲ၊ ဘာကိုသက်သေပြချင်နေတာလဲ ဟူသော မေးခွန်းကို မက်ကိန်းက
(၁၉၈၈ အရေးအခင်း) ပြဿနာတွေအကုန်လုံးဟာ ကွန်မြူနစ်တွေကြောင့်လို့ ပြောချင်နေပုံပဲ ဟု ပြန်ဖြေသည်။
အင်တာဗျူးတွင် – ယူအက်စ်သို့ ၀င်သော မူးယစ်ဆေး ၆၀ ရာနှုန်းသည် ရွှေတြိဂံမှ လာသောကြောင့် မြန်မာပြည်အရေးသည် ယူအက်စ်၏ အမျိုးသားအကျိုးစီးပွားနှင့် သက်ဆိုင်နေသည်ဟု သူ၏ ပြောဆိုချက်ကိုလည်း တွေ့ရသည်။
ပထမခရီးစဉ်အတွင်း အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ခဲ့ပေ။
သူ့ခရီးနှင့် ရက်ပိုင်းအတွင်း ဧပြီ ၁၂ တွင် အထက်လွှတ်တော်အမတ် Charles S. Robb နှင့် ဗိုလ်ချုပ်ခင်ညွန့် တွေ့ကြသည်။ မူးယစ်ဆေးဝါးအကြောင်း ဆွေးနွေးကြသည်ဟု မြန်မာ့အလင်းသတင်းစာက ဆိုသည်။ နောက်ပိုင်း ဘန်ကောက်ပို့စ်အင်တာဗျူးတခုတွင် ဒေါ်စုနှင့်တွေ့ရန် Charles S. Robbခွင့်တောင်းသော်လည်း ဗိုလ်ချုပ်ခင်ညွန့်က ခွင့်မပြုခဲ့ဟု ဆိုသည်။
ဒုတိယခရီးစဉ်
၁၉၉၆ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဂျွန်မက်ကိန်းက ဗိုလ်ချုပ်ခင်ညွန့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း ရန်ကုန်အေပီ သတင်းတပုဒ်က ဆိုသည်။
http://www.burmalibrary.org/reg.burma/archives/199611/msg00082.html
ကမ္ဘာအေးဘုရားလမ်းတွင် လူအုပ်ကြီးက ဒေါ်စုတို့၏ယာဉ်တန်းကို ၀ိုင်းဝန်းရိုက်နှက်ပြီး နောက်တနေ့တွင် တွေ့ကြခြင်း ဖြစ်သည်။
မြန်မာအာဏာပိုင်တို့၏ သဘောသဘာဝကို ဂျွန်မက်ကိန်း ပိုမို သိရှိသွားသော ခရီးစဉ်ဟု ဆိုနိုင်သည်။
တတိယခရီးစဉ်
တတိယခရီးစဉ်ကို ယခုဆန်းပိုင်းတွင် တွေ့ရသည်။ အာဏာပိုင်များနှင့်ရော ဒီမိုကရေစီအရေး လုပ်ကိုင်သူများနှင့်ပါ ဆွေးနွေး ပြောဆိုမှု အများအပြား လုပ်ခဲ့သည်။
မီဒီယာ ပိုမိုဖွံ့ဖြိုးသည့်ကာလ ဖြစ်သောကြောင့် နိုင်ငံတကာသတင်းဌာန အသီးသီးက သူ့ခရီးအကြောင်း တင်ပြကြသည်။
