>Staire – Moe Nat Thar

>

ပြည်အလှူကြီးပေးနေပြီ
မိုးနတ်သား
ဇွန် ၂၊ ၂၀၁၁

မြမာပြေ
သဒ္ဓါတွေ ရွန်းတောက်လို့
ကျွန်းကျောက်ကယ် လူဓာတ်ငွေ့နဲ့
အလှူမပြတ်မွေ့တူပျော်၊
ယူတတ်သရွေ့
မငြူမြတ်ဓလေ့
အော် … ဟော် … ဟော် တဆူမှတ်၍ ပူဇော်တယ်
ယူနော် ယူနော်ပ ပြေလုံး လုံး ၀ုန်း ၀ုန်း လုံး …..

‘‘ဟေ့လူ မနက်စောစောစီးစီး ဘာကိစ္စ ငိုချင်းချနေရတာတုန်း’’

မချရလားဗျာ ဒီမနက်ရောက်လာတဲ့သတင်းစာလေးဖတ်ကြည့်မိလိုက်ပါတယ်။ ကျုပ်တို့ ခင်ဗျားတို့သမ္မတကြီး ဗိုလ်သိန်းစိန်ရယ်လေ အလိုလေး စာချုပ်တွေရယ်မှ တရုပ်ကြီးနဲ့ ချုပ်လာလိုက်တာ ကိုးခုကြီးများတောင် တဲ့ဗျ ပြောရင်းတောင် ငိုချင်လာတယ်ဗျာ ငိုအုံးမယ် …။

အမယ်မင်းရယ်တဲ့မှ
မြမာပြေ
သဒ္ဓါတွေ ရွန်းတောက်လို့
ကျွန်းကျောက်ကယ် လူဓာတ်ငွေ့နဲ့
အလှူမပြတ်မွေ့တူပျော်၊
ဟင့် … ရွှတ် …. ဟင့်
ယူတတ်သရွေ့
မငြူမြတ်ဓလေ့
အော် … ဟော် … တဆူမှတ်၍ ပူဇော်တယ် …။

‘‘ဗိုလ်သိန်းစိန်ကဗျာ ဟင့် … ဟင့် … ဘုရားတဆူလိုကို ပူဇော်နေတာဗျ သိလား …’’
‘‘ပူတတ်ရန်ကောဗျာ သူတို့တောင် မပူသေးတာ …’’

‘‘မပူလို့ဖြစ်မလားဗျ …။ သူတို့က ဘာမှပူစရာ စဉ်းစားတာမဟုတ်ဘူး …။ ဘယ်သူ ဘာဖြစ်နေနေ မပြုတ်ဖို့ ဘဲကြည့်တာဗျ ….။ သူတို့အတွက်ကတော့ တိုင်းပြည်ထဲမှာလဲ တယောက်မြေကွက်တရာလောက်စီနဲ့ စိုက် ပျိုးမြေဆိုပီး ယူထားတာတွေကလဲ ဧကထောင်သောင်း ၊ နိုင်ငံခြားမှာလဲ မြေတွေ အိမ်တွေက ၀ယ်ထားသေး တာ … ကျုပ်တို့က မိုးလင်းရင် ကိုယ့်အိမ်အောက်က မြေတောင်ကျန်ပါသေးလား ဆိုပြီး သေချာကြည့်ရသေး တာဗျ …။

‘‘ခုဘဲ ကြည့်လေဗျာ မြစ်ဆုံရေကာတာကြီး တရုပ်ကလာဆောက်နေတာ … ထွက်တဲ့လျှပ်စစ် သူတို့သုံးဖို့ဗျ …။ ကျုပ်တို့သုံးဖို့ မဟုတ်ဘူး …။ သူတို့တိုင်းပြည်တွင်းဆောက်တဲ့ရေကာတာကြီးကျ မှားသွားပြီလို့ပြောပြီး ကျုပ်တို့ ဘက်ဆောက်တာကျ မရပ်တဲ့အပြင် မြန်မြန်ပီး အောင်ဆိုပီး တရုပ်လုပ်သားသောင်းချီပြီး တလဒွန်းဆောက်ေ နတာဗျ ….’’

‘‘စစ်ကိုင်းပြတ်ရွှေ့ကျောကြီးများ အိပ်ယာကနိုးလာလို့ဖြစ်ဖြစ် … ဒီ့ပြင်တခုခုကြောင့်ဖြစ်ဖြစ် … ဖြစ်လိုက်လို့ ကတော့ မြစ်ကြီးနားမြို့ကြီးဆို တာ စက္ကန့် ၂၀ အတွင်း ရေအောက်ရောက်သွားမယ်ဆိုဘဲ …’’

‘‘အဲဒါအဆောက်ခံလို့ ရမယ့်ပိုက်ဆံက ဗမာငွေနဲ့တွက်ကြည့်တော့ တနှစ်လုံးမှ တယောက် ရှစ်ထောင်လောက် ဘဲရှိမှာတဲ့ ..။ ကလေးမုန့်ဖိုးလောက်မှ မရဘဲ ပြည်ပျက်ခံဖို့ကြံတာ အံ့ပါရဲ့ဗျာ …။ ရှေ့ရေးတွေက တွေးရင် ရင်လေးစရာလောက်ကို မဟုတ်ဘူး ဘယ်ပြေးရမှန်း မသိတာဗျ …’’

‘‘အင်း … ခင်များပြောမှ ကျုပ်တောင်ငိုချင်လာပြီ ငိုမယ်ဗျာ ….’’

ရှိသမျှ
စိနကို အကုန်တင်မတဲ့
မယုံရင် ပုံပြင်ပေါ်လေမှာက
အော် ဒီနေရာဟာ တခါက မြမာဆိုတာရှိလေသဟဲ့ရယ်လို့
မချိလေနဲ့ ပြော ပြောဟော့ဟော့ပြော …… ….။

ကာတွန်း – တင်ကိုကိုဦး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts