>Burmese in Arizona celebrated Burmese Thagyan Pwe

>

အရီဇိုးနားပြည်နယ်ရောက် မြန်မာများက သင်္ကြန်ပွဲ ကျင်းပ
အရီဇိုးနားမိတ်ဆွေများ၊ မိုးမခ၊ ဇွန် ၂၊ ၂၀၁၁
၂ဝ၁၁ ခု အရီဇိုးနား မဟာသင်္ကြန်ပွဲ နှင့် သက်ကြီးပူဇော်ပွဲကို ဝ၅-၂၉-၂ဝ၁၁ (တနင်္ဂနွေ)နေ့ နံနက် ၁ဝးဝဝ နာရီမှ  ညနေ ၅းဝဝ နာရီထိ ပယ်ရာကလပ်၊ တင်ပီမြို့၊ အရီဇိုးနားပြည်နယ်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ရာ  ပရိသတ် ၅ဝဝ ခန့် ပါဝင်ဆင်နွှဲခဲ့ပါသည်။

အရီဇိုးနားရောက် မြန်မာမိသားစုများ၊ စေတနာရှင်မိတ်ဆွေများ၊ ဝါသနာရှင်များတို့အပြင် – ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ အယ်လ်အေနှင့် ဆန်ဒီယေးဂိုးမြို့များနှင့် တက္ကဆက်က မိတ်ဆွေများ၊ အနုပညာရှင်များ၊ မိတ်ဆွေများကလည်း လာရောက် အားပေး ဆင်နွှဲကြသည်။

မြန်မာပြည်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးရန် လက်မှတ်ရေးထိုး တောင်းဆိုသည့် ‘အကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှု’ တခုကိုလည်း အရီဇိုးနားပြည်နယ်နေ မြန်မာ့အရေး စိတ်ဝင်စားသူများက ပြုလုပ်ခဲ့ကြပါသည်။ မဟာသင်္ကြန်ပွဲလာ ပရိသတ်များထဲက ၁၅၁ ဦးတို့၏ လက်မှတ်များကို ရယူနိုင်ခဲ့ပါသည်။
ပြည်သူ့ဂုဏ်ရည် (အရီဇိုးနား) မိတ်ဆွေများကလည်း လက်ကမ်းစာဆောင်ဝေခြင်း၊ တီရှပ်ရောင်းခြင်း၊ဝေခြင်း၊ ပြည်သူ့ဂုဏ်ရည်နှင့် ပါတ်သက်သည့် သတင်းနှင့် အမေးများကိုဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
(Photos – သင်္ကြန်ပွဲဖြစ်မြောက်ရေးနှင့် ကျင်းပရေး ကော်မီတီ ( ၂ဝ၁၁ ခု )။ ဖီးနစ်မြို့၊ အရီဇိုးနားပြည်နယ်)