အခြေခံစာနယ်ဇင်းသင်တန်း ရနံ့သစ် မဂ္ဂဇင်းတိုက်မှာဖွင့်မည်
မိုးမခအထောက်တော် အမှတ် ဝဝ၆
မေ ၁၇၊ ၂ဝ၁၃
မိုးမခအထောက်တော် အမှတ် ဝဝ၆
မေ ၁၇၊ ၂ဝ၁၃
ရန်ကုန်မြို့အခြေစိုက် ရနံ့သစ် မဂ္ဂဇင်းတိုက်တွင် သတင်းရေးသားနည်း ရက်တိုသင်တန်းကို လစဉ် ပြုလုပ်သွားမည်ဟု သိရှိရသည်။
မေလ ၂၅ ရက်နေ့တွင် စတင်မည့် ၃ ရက်ကြာသင်တန်းကို အသက်အရွယ်မရွေး တက်ရောက်နိုင်ပြီး သင်တန်းကြေးမှာ ၁၅,ဝဝဝ (ကျပ် တစ်သောင်းခွဲ) ဖြစ်ကြောင်း၊ သင်တန်းတက်လိုပါက ရနံ့သစ် မဂ္ဂဇင်းတိုက်တွင် စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာထားသည်ကို တွေ့ရှိရသည်။
သင်တန်းချိန် စုစုပေါင်း နာရီ ၂၀ ခန့် ရှိမည့် ထိုသင်တန်းတွင် အခြေခံစာနယ်ဇင်းပညာ၊ သတင်းအရေးအသား လေ့ကျင့်ခန်း၊ စာနယ်ဇင်းသုံးမြန်မာစာ စသည့် အကြောင်းအရာများ ပါဝင်သည်ဟု သိရသည်။
အခြေခံစာနယ်ဇင်းပညာကို မီဒီယာလုပ်သက် ၁ဝ နှစ်ကျော် ရှိသည့် ဦးခင်မောင်ထွေးက ပို့ချမည်ဟု သိရှိရပြီး သင်တန်းကြော်ငြာကို သင်တန်း၏ Facebook စာမျက်နှာ www.facebook.com/KMH.journalism.school တွင်လည်း ဖော်ပြထားကို တွေ့ရှိရသည်။