>Burmese lyrics in www.mmlyrics.com

> အင်တာနက်စာမျက်နှာ မိတ်ဆက်

မြန်မာသီချင်းစာသား
www.mmlyrics.com
မေ ၂၇၊ ၂၀၁၀


www.mmlyrics.com ဟာ မြန်မာသီချင်းစာသားတွေကို စုစည်းထားတဲ့နေရာပါ။ စတီရီယို သီချင်းတွေပါ။
သီချင်းစာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း စီစဉ်ထားတာဖြစ်လို့ ဂစ်တာတီးပြီး ဆိုချင် အော်ချင်သူများအတွက် အဆင်ပြေပါတယ်။
အဆိုတော်တွေကို အမျိုးသား အမျိုးသမီး သီးသန့် စုစည်းထားပါတယ်။ အပေါ်ဘက် ဘားတန်းမှာ ကလစ်ပါ။
ဘယ်ဘက်ကော်လံမှာ အဆိုတော် အမည်တွေကို အက္ခရာစဉ်အလိုက် တွေ့ရမှာပါ။ လောလောဆယ် ၁၈ ယောက် ရှိပါတယ်။

လောလောဆယ် တိုးချဲ့မွမ်းမံတာမျိုး မတွေ့ရပါဘူး။ နောင်မှာ တိုးချဲ့မယ်လို့ ယူဆရပါတယ်။
ကိုယ်ပိုင်အမည်နဲ့ ရပ်တည်တဲ့ အင်တာနက်စာမျက်နှာတွေရဲ့ အားနည်းချက်က အင်တာနက်မှာ ပျောက်သွားတတ်တာပါပဲ။ Domain Name လို့  ခေါ်တဲ့ ၀က်ဆိုက်အမည်အတွက် နှစ်စဉ်ကြေး မသွင်းဖြစ်ရင် သက်တမ်းကုန် အချိန်စေ့တဲ့အခါ အင်တာနက်ကနေ ပျောက်သွားမှာပါ။
www.mmlyrics.com အသက်ရှည်ပါစေ။

လက်တို့သူ – မာစတာစီဒို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts