>Burmese in Singapore in this weekend

>

စင်္ကာပူမှာ မြန်မာကွန်မြူနီတီ လှုပ်ရှားမှု နဲ့သတင်းတိုထွာများ
မိုးမခမိတ်ဆွေ စင်္ကာပူ
မေ ၁၄၊ ၂၀၁၁
လွန်ခဲ့တဲ့ ရက်အနည်းငယ် စင်္ကာပူအစိုးရနဲ့ အလုပ်သမားဌာနက ကြေညာချက် ထုတ်ပြန်ရာမှာ စင်္ကာပူမှာ အိမ်တွင်းမှုအလုပ်သမားအတွက် လစာသတ်မှတ်လိုက်ပြီ လို့ ဆိုပါတယ်။ အနိမ့်ဆုံးလစာကို စင်္ကာပူဒေါ်လာ ၃၈၀ က ၄၅၀ အတွင်း ဖြစ်မယ်လို့ ဆိုပါတယ်။ တီဗီမှာ သတင်းကြေညာသွားပေမယ့် အင်တာနက်သတင်း ထွက်မလာသေးဘူး။
ယနေ့ နဲ့ နက်ဖြန် မေ ၁၄ နဲ့ ၁၅၊ ပင်နီဆူလာပလာဇာ ကုန်တိုက်၊ ချယ်ရီမြေဘားမှာ ညနေ ၃ နာရီက ၅ နာရီ ပန်းချီပြပွဲနဲ့ အနုပညာပြသပွဲ ရှိပါတယ်။ ပန်းချီဆရာကတော့ ကဗျာဆရာ စောဝေ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းကို ခုမှ ရလို့ တင်လိုက်ပါတယ်။ Saw Wai’s Performance and Art Show လို့ ခေါ်တယ်လို့ ပြောပါတယ်။
ဒီနေ့ ၁၄၊ မေ ၂၀၁၁ ၊ စင်္ကာပူ ဓာတ်တော်တိုက်မှာ ညနေ ၄ နာရီက ၆ နာရီ စာရေးဆရာကြီး ဦးအောင်သင်း (၈၄ နှစ်) ကို စာပေ တပည့်သားမြေးများက သြ၀ါဒခံယူခြင်းနဲ့ ကန်တော့ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။