>
ဂျပန်ရောက်မြန်မာတို့၏ အလင်းအိမ်စာစောင်၊ ဆုရသူစာရင်းကြေညာ
မိုးမခ၊ မေ ၁၂၊ ၂၀၁၁
လက်ခံရရှိသော စာများအရ ယခုလထုတ်အလင်းအိမ်ပုံနှိပ်နှင့် အီးစာစောင်မှာ ကွယ်လွန်သူ ဆရာကြီးပါရဂူကို ဂါရ၀ပြု ထုတ်ဝေခြင်း ဖြစ်သည်။ စာစောင်တွင် အလင်းအိမ် ၅ နှစ်ပြည့် အထိမ်းအမှတ် ၀တ္ထုတိုပြိုင်ပွဲကိုပါ ပူးတွဲကျင်းပခဲ့ရာ ဆုရရှိသူများအဖြစ် ကော့သား (မင်းမင်းသိန်း၊ ဂျပန်)က ပထမ၊ လေးလေး(တိုကျို) (လေးလေး၊တိုကျို)က ဒုတိယ၊ နှင့် ကိုဘိုကြည် (ကိုဘိုကြည်၊ ထိုင်းနယ်စပ်) က တတိယဆု အသီးသီးရရှိခဲ့သည်ကို တွေ့ရသည်။ အဆိုပါ စာစောင်နှင့် ဆုရ ၀တ္တုတိုများကို သည်နေရာမှာ သွားဖတ်နိုင်ပါပြီ။