>Maung Swan Yi – His New Year Resolution

>

နှစ်သစ်အဓိဋ္ဌာန်
မောင်စွမ်းရည်
မေ ၆၊ ၂၀၁၁
ရန်ကို ရန်ချင်း
ရန်ပုံခွင်းမှာ ဒို့ဝန်တာ။
ကိုယ့်ဘက်သားချင်း
အချင်းချင်း၊ အချင်းမများရာ။
ကိုယ့်ရဲဘော်ချင်း
အချင်းချင်း၊ ရိုင်းပင်းကူညီမှာ။
ခေါင်းဆောင်လဲ တူ
ပန်းတိုင်တူ၊ အတူလက်တွဲကာ။
ခေါင်းဆောင် ဒေါ်စု
ဦးဆောင်မှု၊ ပြည်သူ့လမ်းစဉ်ပါ။
ဒီမိုကရေစီ
ပန်းတိုင်ဆီ၊ တူညီချီတက်မှာ။
နှစ်သစ်အဓိဋ္ဌာန်
သံန္နိဋ္ဌာန်
ထက်သန်မြဲမြံစွာ။
၂၀၁၁၊ ဧပြီ၊ ၂၅