၁၉၈၈ ဇွန်လ ကျောင်းသားအရေးအခင်း ၂၅ နစ်ပြည့်အမှတ်တရစာစု
 ကျော်ဝဏ္ဏ၊ မေ ၁၉ ၊ ၂၀၁၃
တံတားနီအရေးအခင်းတွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးတွေ ကြားမှာ အရေးကြီးတဲ့ကွင်းဆက် အဖြစ်အပျက်ကတော့ ဇွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်
အဖြစ်အပျက်တွေဟာ လွန်ခဲ့တဲ့၂၅နှစ်ကဖြစ်ခဲ့တယ်ဆို
.
မတ်လမှာကျောင်းတွေပိတ်လိုက်တော့ သူငယ်ချင်းအချင်းချင်းဆုံကြဖို
ငယ်သူငယ်ချင်း ဝင်းသူရဲ့  သူငယ်ချင်းတဦးဖြစ်တဲ့ ဗိုလ်ဗိုလ်မြင့်ယူလာခဲ့တဲ့ Far Eastern Economic Review စာစောင်မှာဖော်ပြထားတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်
မြင့်ဦးခြံထဲမှာ စည်းဝေးကြတဲ့ပွဲဟာ ၁၀ယောက်ပါတဲ့ ကျနော်တို့အုပ်စုလေးရဲ့ ပထမဦးဆုံး တစုတစည်းဆွေးနွေးခဲ့ကြတဲ့ပွဲပါ။ အဲဒီ ၁၀ယောက်စုစည်းမှု ဟာလည်း တကယ်တော့ တယောက်အကြောင်းကို တယောက်သိတဲ့ ငယ်သူငယ်ချင်းတွေရဲ့ စုစည်းမှုမျိုးမဟုတ်ပါဘူး။ ကျနော်နဲ့သိတဲ့သူက ဝင်းသူနဲ့ ဆာမူရိုင်း နှစ်ယောက်သာပါပြီး ကျန်သူတွေက သူတို့မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအသစ်စက်စက်တွေပါ။ မတရားမှုကို ငုံ့မခံဘဲ ကျောင်းသားသပိတ်နဲ့ ပြန်လည် ရင်ဆိုင်သွားဖို့ စိတ်တူကိုယ်တူဖြစ်တဲ့ မေဂျာအသီးသီးက ကျောင်းသားတွေ လက်လှမ်းမီသရွေ့ စုစည်းမိခဲ့ခြင်းပဲဖြစ်ပါတယ်။ (နောက်ပိုင်းမှာ အဲဒီ သူငယ်ချင်းတွေဟာ ဆဲမနာဆိုမနာ တကယ့်ငယ်ပေါင်းကြီးဖော်တွေဖြစ်
အစည်းအဝေးမစမီ မြင့်ဦးက ကင်မရာကြီးယူလာပါတယ်။ အမှတ်တရဓါတ်ပုံရိုက်မယ်လို့ဆို
ကျောင်းတွေပြန်ဖွင့်ရင် သပိတ်မှောက်ကြမယ်ဆိုတာ သဘောတူကြပြီး ကျောင်းတွေပြန်မဖွင့်ခင်စပ်ကြား
အခုလက်ရှိအစည်းအဝေးကနေ စိတ်ပိုင်းလိုက်တဲ့ အုပ်စုငယ်တွေကနေတဆင့် ဆင့်ပွားစည်းရုံးသွားမယ့်သူတွေ
နောက်ပိုင်းမှာတော့ မြင့်ဦးခြံ၊ စည်သူစိုးမိုးရဲ့အိမ်နဲ့ ကျနော့်အိမ်တွေမှာ ကျနော်တို့ ခပ်စိပ်စိပ်တွေ့ဆုံခဲ့ကြပြီး အစီအစဉ်တွေဆွဲခဲ့ကြပါတယ်။ သံရုံးများကို ပို့မယ့်စာတွေကိုတော့ အင်္ဂလိပ်စာအဓိကကျောင်းသားတွေဖြစ်
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဆိုတဲ့ တံဆိပ်တုံး အဝိုင်းနဲ့ ခွပ်ဒေါင်းပုံ တံဆိပ်တုံးတွေဖြစ်လာဖို့ကိုတော့ အစဦးပိုင်းက ကျနော်၊ ဝင်းသူနဲ့ ဆာမူရိုင်းတို့တာဝန်ယူခဲ့ပါတယ်။ ရန်ကုန်မြို့ ထဲက ရာဘာတံဆိပ် တုံးဆိုင်တွေမှာ လိုချင်တဲ့ ပွိုင့်နဲ့ လိုချင်တဲ့စာလုံးတွေကို ခွဲအပ်ရပါတယ်။ ထားဝယ်သမဂ္ဂ ရန်ကုန်မြို့  ဆိုတဲ့ တံဆိပ်တုံးအဝိုင်းက တခု၊ တက္ကသိုလ်သိန်းထီဆိုင် ဆိုတာက တခု၊ ဘုန်းကြီးကျောင်းသားများသာ ဆိုတာက တခု၊ ဆိုင်သုံးဆိုင်မှာ ခွဲအပ်ပြီးတော့ နောက်မှ ဖြတ်ညှပ်ကပ်နဲ့ ပြန်ဆက်စပ်ဖို့ပါ။ လုပ်ကြည့်တော့ အဆင်မပြေပါဘူး။ ရာဘာအထူအပါးညှိရတာ၊ စာလုံးတွေကို ဖြတ်ရကပ်ရတာ အတော်ခက်ပါတယ်။ နောက်ပြသနာတခုက အဲဒီအချိန်တုန်းက ခွပ်ဒေါင်းပုံဟာ ရှာရအတော်ခက်ပါတယ်။ စာကြည့်တိုက်များမှာ အတော် မွှေနှောက်ရှာဖွေခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ရဲ့ မအောင်မြင်တဲ့ တံဆိပ်တုံးစစ်ဆင်ရေးကို မြင့်ဦးက ခပ်တည်တည်နဲ့ တာဝန်ယူခဲ့ပါတယ်။ တကယ်တော့ မြင့်ဦးရဲ့ ဦးလေးတော်သူဟာ ရာဘာတံဆိပ်တုံးတွေကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်တတ်သူပါ။ ကျနော်တို့အတွက်လဲ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဆိုတဲ့ တံဆိပ်တုံးအဝိုင်းလေးတခု သပ်သပ်ရပ်ရပ်လှလှပပ ရခဲ့ပါတယ်။ (အဲဒီအတွက် မြင့်ဦးရဲ့ မိသားစုဝင်များပါ နောက်ပိုင်းမှာ အရေးယူခံရ တယ်လို့သိရပါတယ်။) ဇွန်အရေးအခင်း အရှိန်အဟုန်မြင့်လာချိန်မှာ မဆလ အစိုးရက ထုံးစံအတိုင်းကျောင်းတွေပိတ်တယ်
“မတရားဖမ်းထားတဲ့ ငါတို့ကျောင်းသားတွေကို လွှတ်၊ မတ်လအရေးအခင်းနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေနှုတ်ထွက်ပေး၊ ကျောင်းသားသမဂ္ဂများ တရားဝင်ပေါ်ပေါက်ရေး” စတဲ့တောင်းဆိုချက်များပါတဲ့ကြေ
စာဝေမယ့်ကိုယ့်ကို စာပြန်ဝေသွားတာလဲ ခံခဲ့ရပါတယ်။ ရန်ကုန်မြို့ လေဟာပြင်ဈေးထဲမှာပါ။ ကျနော်တို့ ရလာတဲ့ လှုံ့ဆော်စာဟာ ခွပ်ဒေါင်းပုံကို ပီပီပြင်ပြင်ဆွဲထားပြီး စာကူးစက်လိုမျိုးနဲ့ အသေအချာကူးထားပုံရလို့ မင်ကျမင်န သပ်သပ်ရပ်ရပ်နဲ့ပါ။ ကျနော်တို့တတွေလဲ အခြားအဖွဲ့များပါ တိုက်ပွဲဝင်နေကြပြီဆိုတာ အသေအချာသိရလို့ အင်မတန်အားတက်ခဲ့ရပါတယ်။
ကျနော်တို့ ဝေငှတဲ့စာရွက်တွေဟာ အစပိုင်းမှာတော့ စာရွက်တွေပေါ် ဖယောင်းစက္ကူတင်၊ မီးချောင်းနဲ့လှိမ့်ရလို့ မင်သီးတဲ့နေရာသီး၊ မင်ကျဲတဲ့နေရာကျဲ၊ တခါတလေများ စာရွက်ပေါ် ကိုယ့်လက်ဗွေရာတွေထင်နေလို့ စိတ်မလုံခြုံဖြစ်ပြီး ပွတ်ဖျက်မိလို့ မင်မည်းအစင်းတွေထင် စသဖြင့် ချို့ တဲ့တဲ့ အပြင်အဆင်တွေနဲ့ပါ။ ဒါတောင် အီးပီစီရုံးမှာ အလုပ်လုပ်တဲ့ ဟန်မျိုးသူ(လုပ်သားများကောလိပ်)
အစပိုင်းမှာတော့ ရုပ်ရှင်ရုံ အပေါ်ထပ်တွေကနေ စာရွက်တွေကြဲချခဲ့ကြတာပါ။ စက်ရုံတွေ အလုပ်ဆင်းချိန်ညမှောင်မှောင်မှာ စက်ဘီးတွေနဲ့ စာရွက်တွေဝေတာ၊ ဒတ်ဆန်းအမြန်ယာဉ်တွေ မီးပွိုင့်မိနေတုန်း ကားထဲကိုစာရွက်တွေထိုးထဲ့တာ၊ ရန်ကုန်မြို့ လည်ကောင်မှာ ဘတ်စ်ကားတွေတွယ်စီးပြီးတော့ မီးပွိုင့်မှာ လမ်းကူးမလို့စောင့်နေတဲ့ လူအုပ်ကြားစာရွက်တွေပစ်ထဲ့တာတွေ လုပ်ရင်းနဲ့ ကြာတော့ နည်းနည်းအရေထူလာသမျိုးဖြစ်လာပါ
ဒီလိုနဲ့ပဲ ဇွန်လဆန်းမှာ ကျနော်တို့စောင့်မျှော်နေခဲ့
ကျောင်းတွေပြန်ဖွင့်ပြီး တပတ်အကြာအထိ ကျနော်တို့ သပိတ်မှောက် လှုပ်ရှားမှုတွေမလုပ်နိုင်ခဲ့ကြပါ
စစ်ထောက်လှမ်းရေးများက ကပ်ထားတဲ့လှုံ့ဆော်စာများကို ချက်ခြင်းလာရောက်သိမ်းဆည်းသွား
ဒုတိယနေ့မွန်းတည့်ချိန်က စပြီး သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များဟာ စာသင်ခန်းတွေအတွင်း ဝင်ရောက်လှုံ့ဆော်ခဲ့ကြပါတယ်။ အမှန်တရားကိုမြတ်နိုးတဲ့ငါတို
တတိယနေ့က စတင်လို့ အာစီရှေ့ မှာ ခုံခင်းပြီး တရားပွဲများ စတင်ကျင်းပခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ မိုးသီးဆိုတဲ့ ကျောင်းသားခေါင်းဆောင်တဦး အဟောအပြောကောင်းကောင်းနဲ့ ကျောင်းသားထုကို စတင်ဦးဆောင်ခဲ့ပါတယ်။ ကျနော်မှတ်မိသလောက်ကတော့ ကိုမိုးသီးဟာ အဲဒီအချိန်တုန်းက သူ့ကိုယ်သူ မိုးသီးလို့သာ သတ်မှတ်သုံးနှုန်းခဲ့တယ်လို့ထင်
သပိတ်မှောက်ဦးဆောင်ကျောင်းသား
အမှတ်ရစရာ အဖြစ်အပျက်တခုအနေနဲ့ အဲဒီအချိန်က ရန်ကင်း စူနီယံပတ်ခ်မှာ နေထိုင်တဲ့ အင်္ဂလိပ်လူမျိုးတဦးက မြန်မာတိုင်းရင်းသူတဦးကို သတ်ဖြတ်ခဲ့ပြီး အလောင်းဖျောက်ခဲ့မှုကို အင်္ဂလန်ဝန်ကြီးချုပ်ရဲ့ဖိအားပေး
စတုတ္ထနေ့မှာတော့ အသံချဲ့ စက် မိုက်ကရိုဖုန်းများနဲ့ တရားဟောစင်ဟာ ပိုမို ပီပြင်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ခေတ်အဆက်ဆက် ကျောင်းသားထုကို အလျှော့မပေးစတမ်း အဆက်မပြတ်နှိမ်နင်းနှိပ်ကွပ်ခဲ့
ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သပိတ်ဟာ လေးရက်အတွင်း ကျယ်ပြန့်သွားခဲ့ပြီး လှိုင်နယ်မြေ၊ ကြည့်မြင်တိုင်နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ စက်မှုတက္ကသိုလ်၊ လုပ်သားများ ကောလိပ်၊ ဆေးတက္ကသိုလ်၊ သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်၊ အင်းစိန်ဂျီတီအိုင်၊ တို့သာမက အခြေခံပညာ ကျောင်းသားများပါ အသီးသီး သပိတ်တိုက်ပွဲဝင်ခဲ့ကြပါတယ်။
မနက်ဆိုကျောင်းကိုသွား နေ့လည်ပိုင်းမှာ အာစီနား မယောင်မလည်လုပ်နေ တယောက်ယောက်က စပြီး မျက်နှာကိုစည်းလိုက်ပြီဆိုတာနဲ့ တပြိုင်နက် ကျန်တဲ့သူငယ်ချင်းတွေကလဲ အသီးသီးမျက်နှာကို စည်းကြတော့တာပါ။ အဲဒီအချိန်ကနေစပြီး တနေ့တာ တရားပွဲများစတင်ဖို့ အဆင်သင့်ဖြစ်ကြပါပြီ။ တခါတလေမှာတော့ တယ်လီဖုန်းတိုင်များမှာ တပ်ထားတဲ့ သေတ္တာငယ်များကို အသံဖမ်းစက်များတပ်ထား တယ်လို့ ထင်ယောင်ထင်မှားဖြစ်ကြ တက်ဖြုတ်ကြ၊ အဲဒီသေတ္တာငယ်များကို ဖျက်ဆီးကြတာမျိုးတွေရှိခဲ့ပါတယ်
ကိုဇော်ဝမ်းတူးလို စိတ်အခြေအနေပုံမှန်မဟုတ်ဘဲ ကျောင်းဝင်းအတွင်း ဝင်ထွက်သွားလာနေသူတွေ ကိုလဲ အထင်မှား(တနည်းအားဖြင့် စစ်ထောက်လှမ်းရေးလို့ အထင်လွဲ) ပြီး ထိုးကြိတ်ရိုက်နှက်တာမျိုးတွေလဲ ရှိခဲ့ပါတယ်။
တရားဟောစင်အနားမှာ ကျောင်းသားရေးနဲ့ နိုင်ငံရေးငြင်းခုံဆွေးနွေးကြတာ
ကျနော်စကားပြောပြီးဆင်းလာတော့ ကျောင်းသားတဦးက နိုင်ငံရေးကိုလျော့ပြောဖို့ လောလောဆယ်မှာ ကျောင်းသားရေးကိုပဲ ဦးတည်ကြဖို့ လာဆွေးနွေးခဲ့တာပါ။ ကျောင်းသားရေးလို့ခေါင်းစဉ်တပ်
ကျောင်းသားထုကြီး စတင်တောင်းဆိုခဲ့ကြတာကတော့ ဖမ်းဆီးကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ တာဝန်ရှိသူများ နှုတ်ထွက်ပေးရေးနဲ့ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့် ရရှိရေးတို့ပဲဖြစ်ပါတယ်။ ကျောင်းသားထုအတွင်းမှာ ကျောင်းသားရေးနဲ့နိုင်ငံရေးရယ်
သပိတ်မှောက်ကြတဲ့ရက်တွေမှာ တခြားသူတွေတော့ ဘယ်လိုနေမယ်မသိပါ။ ညနေပိုင်းလူစုခွဲကြလို့ ကိုယ့်အိမ်ကိုပြန်ကြချိန်မှာတော
ရန်ကုန်တက္ကသိုလ်ကနေ စတင်ခဲ့တဲ့ ဇွန်သပိတ်ဟာ ရန်ကုန်မြို့ ပေါ်ကတက္ကသိုလ်၊ ကောလိပ်နဲ့ အထက်တန်း၊ အလယ်တန်းကျောင်းအသီးသီးက ကျောင်းသားထုကြီးထောင်ချီ ချီတက်ဆန္ဒပြခဲ့ကြတဲ့၊ အခြေခံပညာကျောင်းသား၊ ကျောင်းသူများပါသွေးမြေကျခဲ့ရတဲ
ဇွန်၂၁ရက်နေ့မတိုင်မီကတည်းက ပညာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေပိတ်ကြောင်း ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခြေခံပညာ ကျောင်းများက ကျောင်းသားကျောင်းသူအများစုဟာ လှည်းတန်းကနေ စတင်ချီတက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများနဲ့ တလမ်းလုံးတောက်လျောက် ပူးပေါင်းပါဝင်ခဲ့ကြတာပါ။ ကမာရွတ်ဝက်ဂီ၊ ဟံသာဝတီ၊ စမ်းချောင်းစတဲ့ရပ်ကွက်တွေက အထက်တန်း၊ အလယ်တန်းကျောင်းသားကျောင်းသူ အများစု ဟာ မြေနီကုန်းကို ဦးတည်ချီတက်လာတဲ့ သပိတ်မှောက်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ကြရင်း တဖြေးဖြေးနဲ့ သပိတ်မှောက်တပ်ဦးမှာ အဖြူအစိမ်းရောင်တွေ လွှမ်းသွားခဲ့ပါတယ်။ စမ်းချောင်းအထက(၂) အနီး ယုဝတီဆောင်ရှေ့ အကျော်လေး မှာ အသင့်စောင့်နေကြတဲ့ လုံထိန်းတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကြား အတင်းဝင်ရောက် ရိုက်နှက်ဖြိုခွဲခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားအများအပြားလဲ အဲဒီနေရာမှာပဲ ဖမ်းဆီးခံခဲ့ကြရပါတယ်။
ဇွန်၂၁ရက်နေ့ ချီတက်ဆန္ဒပြပွဲအကြောင်းကို ဇွန်လ၂၂ရက်နေ့နံနက် ဘီဘီစီအသံလွှင့်ဌာနက ထုတ်လွှင့်သွားခဲ့ရာမှာ ၁၉၆၂ခုနှစ်က စတင်ခဲ့တဲ့ စစ်အာဏာရှင် ဦးနေဝင်းရဲ့ အုပ်ချုပ်ရေးသက်တမ်းတလျောက်မှာ (အဲဒီအချိန်အထိ)အကြီးမားဆုံး ကျောင်းသားအုံကြွမှုကြီး ဖြစ်တယ်လို့ ကြေငြာသွားခဲ့ပါတယ်။
ပါဝင်လှုပ်ရှားခဲ့ကြတဲ့ကျောင်းသူ
ဇွန်လကျောင်းသား သပိတ်မှာပါဝင်ဆင်နွှဲခဲ့ကြတဲ့သူ အများစုဟာ ဇူလိုင်လကုန် လပြည့်နေ့ ရွှေတိဂုံရင်ပြင်ဆန္ဒပြပွဲနဲ့ သမိုင်းလမ်းဆုံအထိ ချီတက်ပွဲ၊ ရှစ်လေးလုံးနေ့ လူထုအုံကြွဆန္ဒပြပွဲ၊ ရန်ကုန်ဆေးရုံကြီးရှေ့ တရားပွဲများနဲ့ စစ်အာဏာသိမ်းခဲ့တဲ့ စက်တာဘာ၁၈ရက်နေ့အထိ သပိတ်တိုက်ပွဲပေါင်း များစွာမှာ အတူတကွလက်တွဲခဲ့ ဆင်နွှဲခဲ့ကြပါတယ်။
ကျနော်တို့ရဲ့ အသက်၂၀၊ ၂၁ ပတ်ဝန်းကျင် လူငယ်ဘဝတနေရာမှာ ဇွန်လတက္ကသိုလ်ကျောင်းသားများသပိ
သူငယ်ချင်းတွေထက်ပိုပြီး ရဲဘော်ရဲဘက်တွေလို အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြရတဲ့၊ ကျနော့်နှလုံးသားထဲမှာ အမြဲမှတ်တမ်းတင်ထားခဲ့တဲ့ လေးလွင်(နောက်ဆုံးနှစ် ပထဝီ)၊ ကြည်ဇော်မိုး (ခေါ်) အောင်ဇော်-ဧရာဝတီ (ဒုတိယနှစ် ရုက္ခဗေဒ) ၊ ဝင်းသူ-ဧရာဝတီ (ဂုဏ်ထူးတန်း ဒုတိယနှစ်)၊ ဗိုလ်ဗိုလ်မြင့် (တတိယနှစ် အင်္ဂလိပ်စာ)၊ ဆာမူရိုင်း (ခေါ်) မြတ်ကိုကို (ဂုဏ်ထူးတန်း ဒုတိယနှစ်)၊ မြင့်ဦး (နောက်ဆုံးနှစ် ပထဝီ)၊ စည်သူစိုးမိုး (တတိယနှစ် အင်္ဂလိပ်စာ)၊ မိုးကျော်သူ (ကွယ်လွန်) (ဂုဏ်ထူးတန်း ဒုတိယနှစ်)၊ ကျော်စိုးမိုး (တတိယနှစ် ဓါတုဗေဒ)၊ ဝေလဝင်း (တတိယနှစ် ဘူမိဗေဒ)၊ ထွန်းထွန်းသန်း (တတိယနှစ် ရူပဗေဒ) ကျော်လွင်ဦး (ဒုတိယနှစ် သင်္ချာ)၊ မျိုးမင်းထွဋ် (ဒုတိယနှစ် သင်္ချာ)၊ ဟန်မျိုးသူ (ဒုတိယနှစ် လုပ်သားများကောလိပ်)၊ တင်မောင်အေး (ခေါ်) ပိတုန်း (နောက်ဆုံးနှစ် ပထဝီ) ၊မာနူး (တတိယနှစ် ဓါတုဗေဒ)၊ အောင်လွင်သန့် (ဒုတိယနှစ် လုပ်သားများကောလိပ်)၊ စည်သူထွဋ် (တတိယနှစ် စက်မှု)၊ ဝင်းဇော် (တတိယနှစ် စက်မှု)နဲ့ တင်ဇော်ဝင်းတို့ကို ဇွန်သပိတ်ငွေရတု အမှတ်တရအဖြစ် ကျနော့်ရဲ့ Facebook မှာ စာနဲ့ပေနဲ့ မှတ်တမ်းတင်လိုက်ပါတယ်။
၂၅နှစ် ကြာခဲ့ပြီဖြစ်တဲ့ ဇွန်သပိတ်မှာ ထင်ရှားခဲ့တဲ့ကျောင်းသားခေါင်းေ
ရွှင်လန်းချမ်းမြေ့ကြပါစေ..။
ကျော်ဝဏ္ဏ
၁၈ ၊ မေ ၊ ၂၀၁၃
Kyaw Wanna  Facebook စာမျက်နှာကနေ ကူးယူဖော်ပြသည်။
		