>
ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဝါရှင်တန်မြို့ တော် မှာ ဈေးရောင်းမည်
ဇာဝါရီ
မိုးမခ၊ ဧပြီ ၂၇၊ ၂၀၁၁
“မြန်ပြည်သားချင် ရိုင်းပင်းကူညီ ပြည်သူဂုဏ်ရည်” ဆောင်ပုဒ်နဲ့အညီ တနှစ်ပတ်လုံး သက်ဆိုင်ရာ ပြည်နယ်အသီးသီး ဌာနခွဲများမှာ ပြည်သူ့ဂုဏ်ရည်ဆု နဲ့ အဖွဲ့ကြီးအတွက် ရန်ပုံငွေများရှာဖွေခြင်း၊ လှုံ့ဆော်စည်းရုံးမှုများနဲ့ ဝိုင်းဝန်းကူညီ အားဖြည့်လုပ်ဆောင်မှုများက အထူးအားရစရာ လှုပ်ရှားလုပ်ဆောင်မှုများ ဖြစ်ကြသည်။ လာမယ့် ၂၀၁၁ ခုနှစ် မေလ (၁၅) ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကြီးမတိုင်မီ နယူးယောက်ဌာနခွဲ မြန်မာမိသားစုများက မေလ (၁) ရက်နေ့ နဲ့ မေလ (၈) ရက်နေ့မှာ မဟာဝါရှင်တန်မြို့ တော်တဝိုက် (ဒီစီ၊ မယ်ရီလန်း၊ ဗားဂျီးနီးယား) နေ မြန်မာမိသားစုများကလည်း ရန်ပုံငွေဈေးရောင်းပွဲများကို စည်းစည်းကားကား ကျင်းပပြုလုပ်သွားကြဖို့ ပြင်ဆင်လုပ်ကိုင်နေကြသည်။
ဝါရှင်တန်မြို့ တော်ရပ်ဝန်းနေ မြန်မာမိသားစု၊ မိတ်ဆွေများကို စာ၊ အီးမေးလ် များနဲ့ ဖိတ်ကြားအသိပေးထားပြီး၊ ရပ်ဝေးနေ မိတ်ဆွေများလည်း လာရောက်ပါဝင်ဆင်နွှဲကြဖို့ မိုးမခမှတဆင့် ဖိတ်ကြားလိုက်ပါသည်။ လူကိုယ်တိုင် မလာနိုင်ရင်လည်း တက်အားသရွေ့  ကူညီကမ်းလှမ်း လှူဒါန်း၊ သာဓုခေါ်နိုင်အောင် အသိပေးလိုက်ခြင်း ဖြစ်ပါသည်။
ရန်ပုံငွေပွဲ ဈေးရောင်းပွဲအကြောင်း နဲ့ ကူညီပံ့ပိုး၊ လှူဒါန်းလိုပါက ဦးဆောင်စီစဉ်နေသူများဖြစ်ကြတဲ့ ကိုနေလင်း (၃၀၁-၇၅၈-၀၆၂၆)၊ ကိုညီညီအောင် (၇၀၃-၇၃၁-၁၁၆၇)၊ ကိုယဉ်ထွေး (၃၀၁-၅၂၀-၁၁၆၀)၊ မမြတ်ယဉ်ချော (၂၄၀-၆၇၁-၇၉၉၈)၊ မအေးသိင်္ဂီကျော် (၂၄၀-၇၅၀-၄၀၅၅ တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
ဧပြီလ (၂၄) ရက် စာရင်းအရ ရံပုံငွေဈေးရောင်းပွဲမှာ အောက်ပါစေတနာရှင်များ ပါဝင်လှူဒါန်းရောင်းချသွားပါမည်။ ဒေါ်ခင်မာရီ မိသားစု – အသုတ်စုံ ။ ဒေါ်ဆန်းထူး မိသားစု – ကြာဇံကြော် ။ မမြတ်ယဉ်ချော မိသားစု – မုန့်ဟင်းခါး၊ လဘက်ရည် ။
ဒေါ်ခင်သန်းစိန် မိသားစု – အာပူလျှာပူ ။ ဒေါ်နှင်း မိသားစု – ပုဇွန်ချဉ် ။ ။ မဥမ္မာ မိသားစု ပဲပြုပ် ကောက်ညှင်းပေါင်း၊ ဟင်းမျိုးစုံ ။ ဒေါ်မြညွှန့် မိသားစု – မုန့်မျိုးစုံ ။ မတင်မိုးအေးနဲ့ ညီအမတစု – ရွှေရင်အေး နဲ့ စီစဉ်သူများ၏ အပူအအေး၊ ဖျော်ရည်စုံ။
ဒေါ်ခင်သန်းစိန် မိသားစု – အာပူလျှာပူ ။ ဒေါ်နှင်း မိသားစု – ပုဇွန်ချဉ် ။ ။ မဥမ္မာ မိသားစု ပဲပြုပ် ကောက်ညှင်းပေါင်း၊ ဟင်းမျိုးစုံ ။ ဒေါ်မြညွှန့် မိသားစု – မုန့်မျိုးစုံ ။ မတင်မိုးအေးနဲ့ ညီအမတစု – ရွှေရင်အေး နဲ့ စီစဉ်သူများ၏ အပူအအေး၊ ဖျော်ရည်စုံ။