>
ငါးပါးသီလထဲက မုသာဝါဒစောင့်ထိမ်းမယ်
လင်းနွေးအိမ်
ဧပြီ ၉၊ ၂၀၁၁
လင်းနွေးအိမ်
ဧပြီ ၉၊ ၂၀၁၁
ခင်ဗျား ကျနော်နဲ့ 
အခင်မင်မပျက်ဆက်ဆံမယ်ဆိုရင်
အောက်ပါအတိုင်း သဘောတူဖို့ လိုလိမ့်မယ်။
မနက်ဆိုရင် အလင်းရတယ်
သန်းခေါင်ချိန်ဆို မှောင်နေတယ်
လင်းရင်လင်းတယ်
မှောင်ရင်မှောင်တယ်
အမှန်အတိုင်းပြောကြမယ်။
စစ်သားပဲ အုပ်ချုပ် အုပ်ချုပ်
စစ်ထွက်ပဲအုပ်ချုပ် အုပ်ချုပ်
စိမ်းလန်းစိုပြေတဲ့တောအုပ်ဖြစ်ချင်ရင်
တုတ်ချောင်းကနေ သစ်ပင်ဖြစ်မလာဘူး
သစ်စေ့ကပဲ သစ်ပင်ပေါက်လာပါလိမ့်မယ်
ဘာပဲဖြစ်ဖြစ်
အရေခွံကိုမကြည့်ပဲ အတွင်းသားကိုကြည့်ကြမယ်။
ခင်ဗျား နောက်ကြောင်း ခင်ဗျားပြန်စဉ်းစား
မုန့် ကြွေးသူနဲ့  တုတ်ကြွေးသူ ဘယ်သူ့ ကို ပိုချစ်လဲ
ကျွန်ုပ်တို့  မလိမ်ညာတမ်းပြောကြမယ်။
၀၄၊ ၀၈၊ ၂၀၁၁