>Aung Thein Lin left the city hall

>

မြို့တော်ဝန်များ ခန့်အပ်ကြောင်း ကြေညာ
ဦးအောင်သိန်းလင်း အမည် မပါ
ဓာတ်ပုံသတင်း
ဧပြီ ၇၊ ၂၀၁၁
ယနေ့ထုတ် သတင်းစာမှ မြို့တော်ဝန် ခန့်အပ်ခြင်း ထုတ်ပြန်ချက်

အကြီးအကျယ် လာဘ်စားသူ ဦးအောင်သိန်းလင်းသည် ရန်ကုန်မြို့တော်ဝန်ရာထူးမှ ဆင်းပေးရကြောင်း ထိုထုတ်ပြန်ချက်အရ သိရသည်။ လာဘ်စားရာတွင် သူ့နည်းတူ နာမည်ကြီးသူ ဦးဖုန်းဇော်ဟန်ကမူ
မန္တလေးမြို့တော်ဝန် အဖြစ် ဆက်လက် တာဝန်ပေးခြင်း ခံရသည်။
၎င်းတို့ ၂ ဦးသည် ဗိုလ်မှူးချုပ်ဟောင်းများ ဖြစ်ပြီး ကြံ့ခိုင်ရေးအသင်းခေါင်းဆောင် နှင့် အသင်းကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။

ရန်ကုန်မြို့တော်ဝန်သစ် ဦးလှမြင့်သည် ဗိုလ်မှူးချုပ်ဟောင်း၊ သံအမတ်ဟောင်း ဖြစ်ကြောင်း၊ ဦးအောင်သိန်းလင်းနေရာ ၀င်ရမည့်သူဖြစ်ကြောင်း ပြည်ပအခြေစိုက် သတင်းဌာနများတွင် မကြာသေးမီက ဖော်ပြထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts