>3 Year Anniversary of Passing of Kyemon U Thaung (Aung Bala)

>

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) ကွယ်လွန်ခြင်း ၃ နှစ်ပတ်လည် နယူးယောက်မှာ ကျင်းပ
မိုးမခအထောက်တော် နယူးယောက်
ဧပြီ ၅၊ ၂၀၁၁
ဧပြီလ ၃ ရက်၊ တနင်္ဂနွေနေ့က နယူးယောက်မြို့တော်၊ ၀ုဒ်ဆိုက်ဒ်၊ မဟာအောင်မြေဘုန်းကြီးကျောင်း ခန်းမမှာ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ပရိသတ် စာပေချစ်သူ ၅၀ ဦးကျော် တက်ရောက်ပါတယ်။ 
ကျောင်းတိုက်ဆရာတော် ဦးဝေလာသ ကို ဆွမ်းကပ်ပြီး တရားနာကြားပါတယ်။ ဦးသောင်းရဲ့ မိတ်ဆွ  
ဦးခင်မောင်ကြီး (စာရေးဆရာ စိုင်းသီဟ)၊  
ဦးဝင်းအောင် (စာရေးဆရာ မောင်အောင်မွန်) နဲ့ 
 
ဦးဝင်းဖေ (ကဗျာဆရာ မောင်စွမ်းရည်) တို့က အမှတ်တရ စကားများ ပြောကြားကြပါတယ်။
နယူးယောက်မြို့တော်ရဲ့ မြန်မာစာစောင်ဖြစ်တဲ့ ပြည်သူ့အမြင်အဖွဲ့က ကြေးမုံဦးသောင်း ၃ နှစ်ပတ်လည် အမှတ်တရ လက်ကမ်းစာစောင် ရိုက်နှိပ် ဖြန့်ချိခဲ့ပါတယ်။ 
သတင်းပေးပို့သူ စာရေးဆရာ ရွှေပြည်စိုးနဲ့ ဓာတ်ပုံဆရာ K Hein တို့ကို ကျေးဇူးတင်ပါကြောင်း။