>
နေ့စွဲများ
ဆောင်းယွန်းလ
မတ် ၃၀၊ ၂၀၁၁
ခေါင်းစဉ်တပ်ထားတဲ့ နေ့စွဲတွေထဲကို
ခေါင်းစဉ်မဲ့အကြောင်းအရာတွေ ရောက်လာတတ်ပြီး
ခေါင်းစဉ်မဲ့နေတဲ့ နေ့စွဲတွေထဲကို
ခေါင်းစဉ်နဲ့အကြောင်းအရာတွေ ရောက်လာတတ်တယ်…..
ခေါင်းစဉ်မဲ့အကြောင်းအရာတွေ ရောက်လာတတ်ပြီး
ခေါင်းစဉ်မဲ့နေတဲ့ နေ့စွဲတွေထဲကို
ခေါင်းစဉ်နဲ့အကြောင်းအရာတွေ ရောက်လာတတ်တယ်…..
မျှော်လင့်မထားတဲ့ နေ့စွဲတွေက
မျှော်လင့်မထားတဲ့ ပုံစံအမျိုးမျိုးနဲ့
မျှော်လင့်မထားတဲ့ ဘဝမျိုးကို စာတန်းထိုးတယ်..
မျှော်လင့်မထားတဲ့ ပုံစံအမျိုးမျိုးနဲ့
မျှော်လင့်မထားတဲ့ ဘဝမျိုးကို စာတန်းထိုးတယ်..
စိတ်ကူးထားတဲ့ ဘဝမျိုးအတွက်
စိတ်ကူးထားတဲ့ နေ့စွဲတွေကတော့ ခရီးလွန်နေပုံပါပဲ…
ခေါင်းစဉ်ပျောက်နေတဲ့ နေ့စွဲတွေထဲမှာ
ယောက်ရက်ခက်နေတတ်တဲ့ အာရုံက
ပြာမှုန်တွေလို ဟိုလွင့်ဒီလွင့်နဲ့….
နေသားမကျနိုင်သေးတဲ့ နေ့စွဲတွေထဲမှာ
ကျင့်သားမရနိုင်သေးတဲ့ တရားဓမ္မကလည်း
ဦးတည်ရာမဲ့လွင့်ဝဲနေတဲ့ တိမ်သားမီးခိုးတွေလိုပဲ…
ရွှေထက်ရှားတဲ့ နေ့စွဲတချို့မှာ
ကောင်းကင်ကြီးကို စိတ်လိုလက်ရကြည့်မိတဲ့အခါတိုင်း
ရာသီဥတုက မှုန်မှိုင်းမှိုင်းနဲ့ ကမ္ဘာကြီးကို စိတ်လက်ကုန်ခမ်းနေတဲ့အတိုင်းပဲ…
ဒီတနေ့လည်း
မိတ်သဟာမစုံတဲ့ ထမင်းစားပွဲဝိုင်းမှာ
အရင်လို နေ့စွဲတွေနဲ့ပဲ မျက်နှာချင်းဆိုင် ထိုင်ခဲ့ရပြန်တယ်..
ဒီတညလည်း
ကြယ်တွေခူးပြီး ကြိုးနဲ့သီဖို့ ကာရန်မညီခဲ့ပြန်လို့
ကျိုးကြေပေမွနေတဲ့ နေ့စွဲတွေကို အိပ်မက်ထဲထည့်ပြီး အိပ်ခဲ့ရပြန်တယ်…
အခု ခင်ဗျားဖတ်နေတဲ့ ဟောဒီကဗျာကို
ကျနော်က….
ခြောက်သယောင်းနေတဲ့ သဘာဝတရားကြီးအကြောင်းကို စဉ်းစားပြီး
ခြောက်သယောင်းနေတဲ့ နေ့တနေ့မှာ
ခြောက်သွေ့တဲ့ စိတ်တွေနဲ့ ရေးလိုက်တာပါဘဲ…။ ။
ကျနော်က….
ခြောက်သယောင်းနေတဲ့ သဘာဝတရားကြီးအကြောင်းကို စဉ်းစားပြီး
ခြောက်သယောင်းနေတဲ့ နေ့တနေ့မှာ
ခြောက်သွေ့တဲ့ စိတ်တွေနဲ့ ရေးလိုက်တာပါဘဲ…။ ။