>Ye Yint Thet Zwe – The Month of March

>

မတ်လ
ရဲရင့်သက်ဇွဲ
မတ် ၁၀၊ ၂၀၁၁

အနီထဲက ကြယ်ဖြူတပွင့်ရဲ့ 
စီးဆင်းခဲ့တဲ့ သွေးတွေ
သမိုင်းရေးအရ
ရာဇ၀င်ရေးအရ
မတ် လဟာ အရေးကြီးတယ်။

 အဲဒီ မတ်လရဲ့  ဖြစ်ပျက်ပုံများ
တမိုးလုံး ဖျောက်ဆိပ်ကြားမှာ
တထိတ်ထိတ်နဲ့  လင်းရ လက်ရ
တံတားအောက်က ရေတွေမှာတော့
စီးဆင်းသွားကြပြီ။

မတ်လရဲ့  နွေညများ ငါတို့  ပြန်မရနိုင်
ဆို့ နစ်ကြေကွဲ
အသံတွေ မစဲဘူး
“ဒီမိုကရေစီရမှ အမျှဝေပါ”။

ညီမလေးရေ
သွေးကြွေး စစ်စစ်တွေပါ
နဲနဲလေးမှ အလျှော့ပေးစရာမလို
အရိုးတွေတောင်လို ပုံနေပုံက
ဖျောက်ဖျက်မရတဲ့ ရာဇ၀တ်မှုတွေရဲ့
အခင်းအကျင်းတွေပဲလေ။

ငါတို့  မျှော်လင့်ထားတဲ့ အနာဂတ်အတွက်
ရန် ငါ စည်းပြတ်ဘို့ လို့ တယ်။

အသက်တချောင်းကို အသက်တချောင်း ချင်းကလွဲလို့ 
ဘယ်လိုအကြောင်းနဲ့ မှ သင်ပုန်းချေစရာမလို
စစ်ကျွန်အဖြစ် နွံနစ်မခံ
မတ်လ ရဲ့  ဟန်
မတ်လရဲ့  မာန်
မတ်လရဲ့  အသံ
တိုက်ပွဲခေါ်သံ ပါပဲ
ငါတို့  မတ်လကို အမြင့်ဆုံး လွှင့်ထူလိုက်တယ်။