AFP သတင်းဌာန
မတ် ၅၊ ၂၀၁၁
ပျက်ကျသွားသည့် AN-148 အမျိုးအစား လေယာဉ်တစီး။ခရီးသည် ၁၀၀ ခန့် တင်ဆောင်နိုင်သော လေယာဉ် ဖြစ်သည် (ဓာတ်ပုံ – flickr/Dmitry Terekhov)
နောက်ဆက်တွဲသတင်း – http://en.rian.ru/russia/20110305/162874868.html တွင် ဖော်ပြထားချက်အရ သေဆုံးသူ မြန်မာ၂ဦးမှာ ထိန်လင်းအောင်၊ ဇော်ထွန်းအောင် တို့ ဖြစ်သည်။
အနည်းဆုံး မြန်မာ ၂ ဦး ပါဝင်သွားသည့် လေယာဉ်တစီး ရုရှနိုင်ငံ အလယ်ပိုင်းတွင် ယနေ့ ပျက်ကျသွားကြောင်း Russian သတင်းဌာနများက ဆိုသည်။
စမ်းသပ်မောင်းနှင်သည့် AN-148 အမျိုးအစား ထိုလေယာဉ်တွင် လိုက်ပါသွားသူ စုစုပေါင်း ၆ ဦး၏ ရုပ်အလောင်းကို Voronezh မြို့တော်နှင့် ကီလို ၁၃၀ (မိုင် ၈၀) အကွာတွင် တွေ့ရှိရသည်ဟု ဒေသခံ အရေးပေါ် ကူညီကယ်ဆယ်ရေး ၀န်ကြီးဌာနက ပြောကြားကြောင်း RIA သတင်းဌာနက သတင်းထုတ်ပြန်သည်။ လေယာဉ်တွင် မြန်မာပြည်သား အနည်းဆုံး ၂ ဦး ပါဝင်ကြောင်း၊ လေယာဉ်ကို မြန်မာပြည်သို့ မပို့ဆောင်မီ စမ်းသပ်မောင်းနှင်ခြင်း ဖြစ်ကြောင်း Voronezh လေယာဉ်ထုတ်လုပ်ရေး သတင်းရပ်ကွက်က RIA သတင်းဌာနကို ပြောသည်။
“လေယာဉ်ကို စမ်းနေတာ ၂ ပတ်လောက်တော့ ရှိပြီ။ ဒီနေ့အဖို့ ပထမဆုံးအကြိမ် ပျံနေတုန်း ဖြစ်သွားတာ။ မြန်မာပြည်ကိုပို့ဖို့ စီစဉ်ထားတာ။ မြန်မာ အနည်းဆုံး ၂ယောက်၊ ရုရှကတော့ အနည်းဆုံး ၂ ယောက် ပါသွားတယ်” ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
6 dead as plane crashes in Russia during tests:reports
Moscow, Mar 5 (AFP) Six crew members, including at least two citizens of Myanmar, died when a plane they were testing crashed in central Russia today, Russian news agencies reported.
The bodies of six crew members were found after the AN-148 plane crashed around 130 kilometres (80 miles) from the city of Voronezh, the regional emergency ministry said, cited by the RIA Novosti news agency.
At least two citizens of Myanmar were on board and the plane was undergoing tests prior to being sent to Myanmar, a source in Voronezh aircraft factory told RIA Novosti.
“The plane had been tested for two weeks. This was its first flight today. It was being prepared for Myanmar. There were at least two Myanmar citizens on board and at least two Russians,” the source said.