>Friends of MoeMaKa raised 540,000 Kyats to honor 50 Burmese political prisoners from NLD support network

>

မိုးမခမိတ်ဆွေများက မတ်လတွင် အင်န်အယ်ဒီနှင့်အတူ နိုင်ငံရေးအကျဉ်းသား ၅၀ ကူညီမှု ကျပ်ငွေ ၅ သိန်း ၄ သောင်း ရည်စူး လှူဒါန်း
မိုးမခ
မတ် ၄၊ ၂၀၁၁
မိုးမခမီဒီယာက ၂၀၁၁ ဖေဖော်ဝါရီလမှာ မိုးမခမိတ်ဆွေများဆုအဖြစ် အင်န်အယ်ဒီပါတီ ကူညီမှုပေးနေတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို ရည်စူးလှူဒါန်းမှု ကျပ်ငွေ ၈ သိန်း လေးသောင်း ၅ ထောင်ဖိုး ဆောင်ရွက်နိုင်ခဲ့တယ်။ ဆက်လက်ပြီးတော့လည်း အများကောင်းမှုဖြင့် တတ်စွမ်းသမျှ ထောက်ခံမှုပြသတဲ့ အနေနဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ ကို ရည်စူးလှူဒါန်းတဲ့ လစဉ်ကူညီမှုကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိပါတယ်။ ဒီမတ်လအတွက် လက်ခံရရှိသမျှနဲ့ ၀ိုင်းဝန်းကြသမျှ တဦးပုဂ္ဂလအလှူရှင်နဲ့ စုပေါင်းအလှူရှင်များဖြင့် ကျပ်ငွေ ၅ သိန်း ၄ သောင်း ရရှိတယ်လို့ အသိပေး ပြန်ကြားလိုပါတယ်။
နိုင်ငံရေးအကျဉ်းသား ၄၈ ဦးအတွက် အဝေးရောက်မိတ်ဆွေတွေက သူတို့ တတ်နိုင်တဲ့ ဂုဏ်ပြုမှုအဖြစ် ကျပ် ၁ သောင်းစီ ဂုဏ်ပြုနိုင်ခဲ့ပြီး သီးခြားအလှူရှင် ၂ ဦးကတော့ သူတို့မဲပေါက်တဲ့ အကျဉ်းစံမိတ်ဆွေ ၂ ဦးအတွက် တဦးက ကျပ်ငွေ ၂ သောင်း၊ နောက်တဦးက ကျပ်ငွေ ၄ သောင်းဖြင့် ဂုဏ်ပြုမှု ချစ်ခင်လေးစားမှုကို ပြသခဲ့တယ်လို့ ဆိုပါတယ်။
အသေးစိတ်စာရင်းထုတ်ပြန်မှုကတော့ အလှူရှင်တဦးချင်းစီကို ပေးပို့တဲ့ မိုးမခမီဒီယာအမည်နဲ့ လက်ခံရရှိမှု ဖြတ်ပိုင်းမှာ သီးခြားစီ တွေ့ရှိရမှာ ဖြစ်ပါတယ်။ အဝေးရောက်မိတ်ဆွေအဖြစ် မဲနှိုက်ထားကြတဲ့၊ မဲပေါက်ထားကြတဲ့ မိုးမခမိတ်ဆွေတွေကို သည်နေရာကနေ အသိပေးပြန်ကြားလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။
(ဓာတ်ပုံ – ၂၀၀၉ ဇွန်လ ၁၉၊ ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်နေ့၊ အင်န်အယ်ဒီရုံးချူပ် အခမ်းအနားမှာ တွေ့ရတဲ့ မြန်မာကလေးငယ်တဦးရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ မိုးမခ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts