>
၂၁ရာစုပင်လုံ အကြို မီဝေါ်ကီးရောက် ဗမာတိုင်းရင်းသားများ စုပေါင်းထမနဲပွဲ ကျင်းပ
မိုးမခအထောက်တော် (မီဝေါ်ကီး)
မတ် ၃၊ ၂၀၁၁
ဝစ္စကွန်စင်ပြည်နယ်၊ မီဝေါကီးမြို့၊ ပညာရာမကျောင်းတိုက်တွင် ကရင်၊ မြန်မာ၊ မွန်၊ ချင်း၊ ရခိုင်၊ မြန်မာပြည်ဖွား တိုင်းရင်းသားတို့ စုဝေးကြလျက် ၂၁ရာစုပင်လုံ ကို ကြိုဆိုသော အားဖြင့် ဒုတိယအကြိမ်မြောက် ထမနဲပွဲကို ဖေဖော်ဝါရီ ၂၇ က စုပေါင်းကျင်းပခဲ့ကြသည်။ ဧည့်ပရိသတ်များကို နေ့လည်စာဖြင့် ဧည့်ခံ ကျွေးမွေးခြင်း၊ တရားဓမ္မ နာယူကြခြင်း၊ စသည် အစီအစဉ်များဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။
မြန်မာရိုးရာ အဟာရဖြစ်သည့် ထမနဲတွင် ကောက်ညှင်း၊ ဆီ၊ အုန်းသီး၊ မြေပဲ၊ နှမ်း၊ ဂျင်း စသည့် အမယ်များ အချိုးကျပေါင်းစပ် ပါဝင်ဖွဲ့စည်းမှသာလျှင် အရသာကောင်းမြတ်သကဲ့သို့ မြန်မာပြည်ဖွား တိုင်းရင်းသားတို့သည်လည်း ဟန်ချက်ညီညီ နေရာအလိုက် ပေါင်းစု ညီညွတ်ကြမှသာ မည်သည့်ကိစ္စမဆို အောင်မြင်နိုင်ကြောင်း … “ သုခါ သံဃာဿ သာမဂ္ဂီ၊ သမဂ္ဂါနံ သပေါ သုခေါ …” ဟုပင် ဘုရားရှင်ကိုယ်တော်တိုင် အာမခံထားကြောင်းကို ကျောင်းထိုင်ဆရာတော်မှ ဟောပြောပြသသွားပါသည်။
ဓာတ်ပုံမှတ်တမ်းများကို သည်နေရာမှာ ကြည့်နိုင်ပါပြီ။