>63rd Anniversary of Zomi National Day celebrated in Oregon, Portland

>

၆၃နှစ်မြောက် ဇိုမီးအမျိုးသားနေ့အခမ်းအနားကျင်းပ
ထက်ရာဇာ
၁၉ ဖေဖေါ်ဝါရီ ၂၀၁၁
ဒီကနေ့မနက်ပိုင်းက ၆၃နှစ်မြောက် ဇိုမီးအမျိုးသားနေ့ အခမ်းအနားတခုကို အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်စတိတ် ပေါ့လန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ဇိုမီးအမျိုးသားခေါင်းဆောင် ဦးပုကျင်းရှင်းထန်ပေးပို့ခဲ့တဲ့ သ၀ဏ်လွာကို ဖတ်ကြားခဲ့ပြီး ဇိုမီးရိုးရာ သီချင်းသီဆိုမှုတွေ၊ ဇိုမီးကလေးငယ်တွေက ရိုးရာဝတ်စုံတွေနဲ့ သရုပ်ပြတင်ဆက်ခဲ့ကြသလို ရိုးရာအစားအစာတွေနဲ့ ဧည့်ခံကျွေးမွေးခဲ့ပြီး ဧည့်ပရိသတ်စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ အခန်းအနားကျင်းပရခြင်းနဲ့ပါတ်သက်လို့ စီစဉ်သူတဦးဖြစ်တဲ့ ဇိုမီးအမျိုးသား ကိုမန်ဆွမ်းပါအိုက အခုလိုရှင်းပြပါတယ်။
“ကျနော်တို့ဇိုမီးအမျိုးသားတွေအနေနဲ့ ဘယ်နေရာရောက် ကိုယ့်လူမျိုး ကို မမေ့ဘူးဆိုတာကို ပြသတဲ့အနေနဲ့ အခုလို အခန်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်။”
အခမ်းအနားကို တက်ရောက်လာသူတွေထဲက ဇိုမီးအမျိုးသမီးတဦးဖြစ်တဲ့ မလွန်ကတော့
“ကျမ အရမ်း ၀မ်းသာပီတိဖြစ်ရပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေရောက်နေကြတဲ့ ဘယ်လို ဇိုမီးလူမျိုးတွေမဆို ကျမခံစားချက်အတိုင်း ခံစားရလိမ့် မယ်လို့ ကျမယုံကြည်ပါတယ်၊”
 
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့လန်းမြို့မှာ ဇိုမီးအမျိုးသားစုစုပေါင်း အယောက် ၁၅၀ ကျော် နေထိုင်လျက်ရှိပါတယ်။