>
အမေလွမ်းလို့ ပန်းရှာရော့
ဉာဏ်ဦးမောင်
ဖေဖော်ဝါရီ ၃၊ ၂၀၁၁
နေညိုချိန်ရောက်ပြီပေါ့
လျှောက်နေဆဲလမ်းကတော့
ဆုံးခန်း ဘယ်မမြင်နိုင်သေး။
ဝေးခဲ့ရတဲ့ အမေ့အိမ်လေး
တစေ့စေ့ တွေးကြည့်တာပင်
ရေးရေးပဲ ထင်မြင်မိတယ်
နှစ်တွေက ဆွေးလေပြီမို့။
သားအိမ်ပြန် ချိန်တန်သင့်ပြီရယ်လို့
ငံ့မျှော်လင့် ဇောဘဝင်စိတ်ကယ်နဲ့
ကြိတ်မှိတ်ကာ အမေတမ်းရှာတဲ့
လွမ်းနာသင့် ဝေဒနာဟာဖြင့်
ဆင့်ဆင့်ကာ ရင့်ရင့်လာသမို့
မိမာတာ
ပန်းရှာရော့ထင့်။ ။