>poem for Zargana’s 50th birthday

>

ရွှေရတု ဇာဂနာသို့
မာမာအေး
ဇန်န၀ါရီ ၂၈၊ ၂၀၁၁


‘ဇာဂနာ’ ရေ —
ကြာကြာလေ ကျက်သရေတုံးတွေက
စီကုံးကာ ကဗျာသီ မမှုံးတဲ့အောင်
‘ပြည်ဖုံးကား’ တပြင်ပြင်
‘ဇလို’ထက် မိုက်ချင်လေ့၊

ရွှေရတုရှင်
မင်းအရင် အပြင်တုန်းကလို
အခါးချိုချို
စကား ဟိုလိုလိုနဲ့
သည်လိုလို နွားညိုကျောင်း
မောင်းလှည့်ပါရင်လေ့၊

သျှင် လူ ခလေး
အပူပင် မအေးသော်လဲ
ရွှင်ဆေးနဲ့ ပတ်တိုက်
မင်း ရယ်ကြောနှိုက်လိုက်ရင်
တလှိုက်လှိုက် တဟားဟား
ဟိုကောင်တွေ ဖျားမှာပေါ့
အားမလျော့နဲ့မောင်
ပျော်ရအောင်လေ့။ ။

မာမာအေး
၂၀၁၁ ဇန္န၀ါရီလ ၂၇ ရက်
ကြာသပတေးညဦးယံ ၈း၂၀ နာရီ
ဖို့ဝိန်း၊ အင်ဒီယာနာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts