>
စင်္ကာပူရောက် မြန်မာနိုင်ငံသားများကို ဗိုလ်သန်းရွှေက စစ်မှုထမ်းရန် ဆင့်ခေါ်မယ် ဆိုပဲ
မိုးမခစာဖတ်သူတဦး စင်္ကာပူ
ဇန်န၀ါရီ ၂၂၊ ၂၀၁၁
မိုးမခ၀ိုင်းတော်သားများ ခင်ဗျား
စင်္ကာပူက မြန်မာတွေဆိုတာ မြန်မာသံရုံးနဲ့ မကင်းပါ။ သက်တမ်းတိုး၊ အခွန်ဆောင်၊ ထောက်ခံစာတောင်း စသည်ဖြင့်ပေါ့။ အခုတော့ ပတ်စ်ပို့သက်တမ်းတိုးသူများကို မြန်မာပြည်မှာ စစ်မှုထမ်းရန် အဆင်သင့်ရှိကြောင်း ခံဝန်ချက် လက်မှတ်ထိုးရမယ်လို့ ကောလဟလ ထွက်နေပါတယ် ခင်ဗျား။ သက်တမ်းတိုးချင် စစ်မှုထမ်းမယ်ဆိုပြီး စာထွက်နေတယ်လို့ ပြောနေတော့ သေချာအောင် စုံစမ်းလိုက်ပါဦးမယ်။ လောလောဆယ်တော့ ပွဲဆူအောင် စာအရင်ရေးပို့လိုက်တယ်။
ဒါပဲနော်။