>shwepyidaw.info

>

နေပြည်တော်က လက်မခံနိုင်တဲ့ ‘ရွှေပြည်တော်’ သတင်းစာ လာပြီ
အဝေးကြည့် မှန်ပြောင်း (ရန်ကုန်)
ဇန်န၀ါရီ ၆၊ ၂၀၁၁

လူငယ်တွေ စီစဉ်တယ် ဆိုတဲ့ နေ့စဉ်ထုတ် သတင်းစာသစ်တစောင် ထွက်ပါပြီ။ နေပြည်တော်ဗိုလ်ချုပ်ကြီးတို့ သဘောကောင်းလှချည်လားလို့ မထင်လိုက်ပါနဲ့။ အင်တာနက် သတင်းစာ ဆိုတော့ ဗိုလ်ချုပ်ကြီးတို့ တားဆီးခြင်းငှာ မစွမ်းသာပေါ့လေ။ ၁ လေးလုံးနေ့ (၁-၁-၂၀၁၁)မှာ အစပြုပါတယ်။ PDF ဖိုင်နဲ့ တင်ပါတယ်။ အင်တာနက်သုံးတွေ အချင်းချင်း ဖြန့်ဝေနေကြပါတယ်။


ကိုယ့်ဆီကိုလည်း သတင်းသမား သူငယ်ချင်းတယောက်က လှမ်းပေးလို့ ရပါတယ်။ လက်ဘက်ရည်သောက်ချိန် သို့မဟုတ် ဘီယာသောက်ချိန်မှ ပေးလည်း ရပါလျက်နဲ့ သတင်းစာ သွားဖတ်နိုင်တဲ့ လိပ်စာတွေကို Gtalk ကနေ လှမ်းပေးတဲ့အတွက် ချက်ချင်း သွားဖတ်ပြီး ဒေါင်းလုတ် လုပ်ထားလိုက်ပါတယ်။

ပထမနေ့ အယ်ဒီတာ့ အာဘော်
စစချင်း ထုတ်တဲ့ သတင်းစာမှာ ရွှေပြည်တော် ဘာလဲ၊ ဘယ်သူတွေ လုပ်နေသလဲ ဆိုတာကို ပြောပြထားပါတယ်။

ရွှေပြည်တော် ဆရာ(/ဆရာမ) တွေမှာ အာဃာတ ထားလောက်စရာ ဒဏ်ရာ မရှိဘူး တဲ့ ပထမနေ့ အယ်ဒီတာ့ အာဘော်က ဆိုတယ်။ အင်း – ဒီလို ရေးလိုက်တာ ကိုယ်တော့ ကြိုက်သွားပြီ။ ဒီဝါကျက အဓိပ္ပာယ် ၂ ခု ထွက်တယ်။
၁။ လူထု အများစုမှာ ဒဏ်ရာ အကြီးအသေး ကိုယ်စီ ရရှိထားကြတယ်
၂။ ဒဏ်ရာ ကြီးကြီး ရရှိဖူးသူက နိုင်ငံရေးပဋိပက္ခကို အစွဲကင်းကင်း မမြင်နိုင်ဘူး

အွန်လိုင်းမီဒီယာက တရားစွဲခံရမှာ ပူဖို့ မလို လို့ ဆိုထားပါတယ်။ ဘယ်သူတွေလုပ်တယ်၊ ဘယ်မှာ အခြေစိုက်တယ် ဆိုတာကို လျှို့ဝှက်ထားသူများအဖို့တော့ ပူစရာ မလိုဘူးပေါ့။

ဗိုလ်ချုပ်အိမ်သစ်
ရှစ်လုံးခေါ် သီဟသူရတင်အောင်မြင့်ဦး၊ ပြီးတော့ သူ့ဆရာ ၂ပါးတို့လည်း အိမ်အသစ်တွေနဲ့ အလုပ် ရှုပ်နေ ဆိုပဲ။ သတင်းက အိမ်အကြောင်း မဟုတ်ပါဘူး။ ဘောင်းဘီချွတ်အပြောင်းအလဲ အကြောင်းပါ။

ပုလင်းသစ်၊ အရက်ဟောင်း
အစိုးရသစ်မှာ ဒီလူတွေပဲ ပြန်ပါမယ် ဆိုတဲ့ သတင်းပါ။ စစ်ဝတ်စုံနဲ့ ဒီလူကြီးတွေကို ခေါင်းပေါင်းစ တလူလူနဲ့ မြင်ရမယ်ပေါ့ကွယ်။

သတင်းထောက်များအစည်းအရုံး
ဒီသတင်းလည်း စိတ်ဝင်စားစရာပဲ။ “နိုင်ငံတော်”က စီစဉ်တဲ့ အစည်းအရုံး ဆိုတာလေး ဖြစ်လာရင် အနည်းဆုံး မြေကွက်တော့ ရနိုင်တာပေါ့။ သတင်းထောက်ရွှေခေတ် ဖြစ်လာတော့မယ် ထင်ပါရဲ့။

လူဖတ်များဖွယ်
သတင်း အငတ်ဘေး ကြုံနေရချိန်မို့ ဒီ လျှို့ဝှက် သတင်းစာဟာ လူဖတ်များမှာပါ။
၁ ရက်နေ့က အစပြုတယ် ဆိုတော့ ၆ စောင် ရှိပြီပေါ့။
ဟောသမှာ လင့်တွေ။

ဇန်န၀ါရီ ၁ ရက်နေ့ထုတ် သတင်းစာ
http://shwepyidaw.info/wp-content/uploads/2011/01/Shwe-Pyidaw-1.1.2011.pdf

၂ ရက်နေ့ထုတ်
http://shwepyidaw.info/wp-content/uploads/2011/01/Shwe-Pyidaw-2.1.2011.pdf

၃ ရက်
http://shwepyidaw.info/wp-content/uploads/2011/01/Shwe-Pyidaw-3.1.2011.pdf


http://shwepyidaw.info/wp-content/uploads/2011/01/Shwe-Pyidaw-4.1.2011.pdf


http://shwepyidaw.info/wp-content/uploads/2011/01/Shwe-Pyidaw-5.1.2011.pdf

(ဒီ အမှတ် ၅ ရဲ့ အယ်ဒီတာ့အာဘော်မှာ နိုင်ငံရေး အကျဉ်းသားများအကြောင်း ရေးထားတယ်။ “စိတ်တိုစရာ တွေ့ရင် အော်ဆဲတတ်တဲ့ နိုင်ငံရေးသမားတွေ” မဖတ်ကြနဲ့း)


http://shwepyidaw.info/wp-content/uploads/2011/01/Shwe-Pyidaw-6.1.2011.pdf

ကဲ – ဒါပါပဲ။ ကျုပ်မိတ်ဆွေ စကားလုံး ယူသုံးရရင် – ဖတ် ဗေတိုးဗေ ဗျာ။