>Burmese in Milkwalkee pray for Burma Reconcilation

>

နှစ်သစ်ဦး ဓမ္မသဘင်နှင့် သွေးရင်းသားရင်း အမျိုးသားချင်းအမြန်ရင်ကြားစေ့နိုင်ရေး တိုက်တွန်းဆုတောင်းပွဲကျုင်းပ
မိုးမခအထောက်တော် မီဝါးကီး
ဇန်န၀ါရီ ၃၊ ၂၀၁၁
ဝစ္စကွန်စင်ပြည်နယ်။ မယ်ဝါကီးမြို့၊ ပညာရာမကျောင်းတိုက်တွင် နှစ်ဦးဓမ္မသဘင်နှင့် ကမ္ဘာသူ ကမ္ဘာသားတို့ ငြိမ်းချမ်းကာ အမိမြန်မာပြည်တွင်လည်း အမျိုးသားချင်း ချစ်ကြည်ရင်ကြားစေ့နိုင်ရေး ဆုတောင်းတိုက်တွန်ုး မေတ္တာပို့သပွဲ ကျုင်းပြ့ပုလုပ်ကြသည်။

 တက်ရောက်လာကြသော မြန်မာပြည်ဖွားတိုင်းရင်းသားများက
“မင်းကောင်းနှင့်ဆုံ ခေတ်ကောင်းကြုံ လူ့ဂုဏ်တန်ဖိုး မြင့်ပါစေ၊ အမျက်အအီကင်း အချင်းချင်း ချစ်ခြင်းမျက်ဝန်း တောက်ပါစေ”
 စသောဆုတောင်းမေတ္တာများကို သံပြိုင်ရွတ်ဆိုကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြသည်။

ကျောင်းတိုက်ဆရာတော်က မိမိနိုင်ငံ မိမိလူမျိုးကို ချစ်မြတ်နိုးကာ မည်သူမဆို တိုင်းပြည်အတွက် ကောင်းမြတ်သော၊ ပြူသင့်ပြုထိုက်သောလုပ်ငန်ုးတို့ကို အချိန်မဆွဲဘဲ ချက်ချင်း လုပ်သင့်ကြကြောင်း၊ လူတို့မှာ ပြုလုပ်လိုက်မိသောကြောင့်ဖြစ်သောအမှားထက် ပြုလုပ်သင့်သည်ကို မပြုလိုက်မိခြင်းကြောင့် မှားသောအမှားက ပိုများသည်ကိုသတိပြုသင့်ကြကြောင်း ဟောပြောသွားခဲ့ပါသည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts