ဆောင်းလူ

Saung Luu – Poem


ဗဲင်းဆင့်ဗဲန်ဂိုးလ်နှင့် မကြားတကြား ..အင်တာဗျူးခြင်း

ဆောင်းလူ
မေ ၂၉၊ ၂၀၁၃
ညက 
မိုက်ခရိုဖုန်းလေး
ရင်ဘတ်ထောက်ပြီး …
ဗဲင်းဆင့်ဗဲန်ဂိုးလ်နဲ့ 
မကြားတကြား … အင်တာဗျူးမိတယ် …
ဗားရှင်းတွေအမျိုးမျိုးခွဲရင်း
အခိုးခံလိုက်ရတဲ့
နူနွင်မြို့ကလေးရဲ့
အစောဆုံး အာလူးစားသူများအကြောင်း …
သင်္ကြန်ကာလကြီး 
ဓားပြတိုက်ခံလိုက်ရတဲ့
အမ်စတာဒမ်မြို့တော်ပေါ်က
နောက်ဆုံး အာလူးစားသူများအကြောင်း …
မပြောမဆို …
ကျုပ်တို့မြို့က အာလူးဖုတ်သူများအကြောင်း ရောက်သွားတယ် …။
ဗဲန်ဂိုးလ်ရဲ့ ..
အာလူးစားသူများကတော့ စားရင်း ၀ါးရင်း 
ကမ္ဘာကျော်သွားခဲ့တယ် …။
ကျုပ်တို့မြို့ရဲ့
အာလူးဖုတ်သူများအကြောင်းကတော့ ဖုတ်ရင်း လှုပ်ရင်း
နှစ် (၆၀) ကျော် ကြာသွားတယ် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts