>USDP thanks people for their winning support at polls

>

ကြံ့ဖွံ့က ပြည်သူတို့ကို ကျေးဇူးတင်ကြောင်း သတင်းစာတွင် ကြော်ငြာထည့်
မိုးမခအထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၅၊ ၂၀၁၀
သတင်းစာတွင် စာမျက်နှာပြည့်နီးပါး တွေ့ရသည့် ကြော်ငြာ


ရွေးကောက်ပွဲ အနိုင်ရ စစ်အစိုးရ၏ပါတီက တနိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်ခဲ့သဖြင့် ကျေးဇူးတင်ကြောင်း ကြော်ငြာကို ယနေ့ထုတ် သတင်းစာများတွင် ကြော်ငြာ ထည့်လိုက်သည်။

“ယုံကြည်အားကိုးစွာ တစ်ခဲနက် ထောက်ခံ ဆန္ဒပြု ရွေးချယ် တာဝန်ပေးအပ်ခဲ့သည့် အတွက် မိဘပြည်သူ အားလုံးကို မိမိတို့ ပါတီက လှိုက်လှဲစွာ ကျေးဇူး ဥပကာရ တင်ရှိပါသည်” ဟု ကြော်ငြာတွင် ရေးထားသည်။

နိုင်ငံနှင့် ပြည်သူ အကျိုးအတွက် ဆောင်ရွက်ရန် ကတိပြုသည်ဟု ကြော်ငြာက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် အသင်းဝင်အင်အား ၂၄ သန်း ရှိသော ဗိုလ်ချုပ်ကြီးတို့၏ ကြံ့ဖွံ့အသင်းကို မကြာသေးခင်က အသွင်ပြောင်းထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးရှိ ၁၁၅၄ နေရာအတွက် ယှဉ်ပြိုင်ရာ ၈၈၂ နေရာတွင် အရွေးခံရသည်ဟု ကြော်ငြာတွင် ဖော်ပြထားသည်။

သို့သော်လည်း ကြံ့ဖွံ့သည် ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင် ကောက်ခံထားသည့် ကြိုတင်မဲများဖြင့် အနိုင်ရသွားခြင်းဖြစ်သည်ဟု သိရသည်။

ထိုကြိုတင်မဲများမှာ ကြံ့ဖွံ့ကို ထောက်ခံကြောင်း ဖန်တီးထားသည့် မဲများဖြစ်သည်ဟု အများက ယုံကြည်ကြသည်။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြီးခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတသဖြင့် မြန်မာပြည်သားတို့ ဂုဏ်ယူဖွယ် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထွက်ပေါ်လာသည့် အမျိုးသားနေ့ သ၀ဏ်လွှာတွင် ရေးသားထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts