နိုဝင်ဘာလ နောက်ဆုံးပတ်ရဲ့ ကြာသပတေးနေ့ကို ကျေးဇူးတော်နေ့လို့ အမေရိကန်မှာ သတ်မှတ်ထားတယ်။ နေရာအနှံ့ ပြန့်ကျဲနေတဲ့ မိသားစုတွေဟာ ကိုယ့်မိသားစုဝင်တယောက်ရဲ့အိ
နိုင်ငံက ကျယ်ပြန့်လွန်းပြီး ကိုယ်နဲ့သင့်တော်မယ့် ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်တွေအတွက် ကိုယ့်ရဲ့မွေးရပ်မြေကို စွန့်၊ ရေကြည်ရာ မြက်နုရာမှာ ရွေ့ပြောင်း နေထိုင်တတ်ကြတာ ရာစုနှစ်နဲ့ချီ ရှိနေပြီဖြစ်တဲ့ သူတို့တွေရဲ့ အလေ့အထတခုပါပဲ။ ဒါပေမဲ့ တနှစ်မှာ ဒီ တရက်ကိုတော့ သူတို့တွေဟာ အလေးအနက်ထားပြီး မိသားစုတွေနဲ့ ပြန်ဆုံစည်းဖို့ အားထုတ် ကြပါတယ်။
ဟိုး လွန်ခဲ့တဲ့နှစ် အစိတ် လောက်တု
ကိုယ်တို့ဆီမှာဆို မိဘတွေ၊ ဘိုးဘွားတွေနဲ့ သေတပန် သက်တဆုံး နေလေ့ရှိတာ မဟုတ်လား။ ရုပ်ပစ္စည်း အခြံအရံကြားမှာ အထီးကျန်ဆန်၊ ခြောက်သွေ့လွန်းတဲ့ အဖိုးအို အဖွားအိုတွေအကြောင်း ဖတ်ခဲ့ရတိုင်း ကိုယ်ကြီးပြင်းခဲ့ရတဲ့ လူနေမှုဘ၀ကို အားရ ကျေနပ်နေမိတာ အကြိမ်ကြိမ် အခါအခါပေါ့။
အခုတော့ … … …
ကိုယ်မြတ်နိုးတဲ့ သစ္စာနဲ့ အမှန်တရားအတွက် ချိနဲ့နေတဲ့ မိအို ဖအိုတွေ၊ နုနယ်လွန်းတဲ့ လူမမယ်ကလေးတွေကို ရုပ်ပစ္စည်း၊ အခြွေအရံမဲ့ ဟင်းလင်းပြင်ထဲမှာ ရင်နာနာနဲ့ ထားခဲ့ရတဲ့ ဘ၀တွေ …
ဘ၀ရပ်တည်ရေးတွေအတွက် ရေကြည်ရာ မြက်နုရာတွေမှာ မြေစမ်း ခရမ်းပျိုး ဘ၀တွေ … မြေစမ်း ခရမ်းပျိုးရင်း ကြွေပျက်သွားရတဲ့ ဘ၀တွေ … … …
မတတ်နိုင်လွန်းလို့ ဥပက္ခာပြုနေရတဲ့ ဘ၀တွေ … … …
တွေဝေမှုတွေ သံသယတွေ အလိုမကျမှုတွေနဲ့ ဖော်စပ်ထားတဲ့ ဘ၀တွေ … … …
စီစဉ်တကျ မဟုတ် ပြန့်ကျဲနေတဲ့ ဒီ ဘ၀တွေ …
တနှစ်မှာ တရက်လေးလောက်ပဲ ကိုယ်ချစ်တဲ့ အမိအဘတွေဆီ ဘ၀အမောတွေ ဝေငှဖို့၊ ပျော်စရာတွေ အတူ ရယ်မောကြဖို့၊ မပြီးသေးတဲ့ ဘ၀ ခရီးတွေ ဆက်လျှောက်ဖို့၊ လက်တွေ တင်းတင်းဆုပ်၊ နှုတ်ဆက်စကား ဆိုဖို့ … တနှစ်မှာ
တချိန်တုန်းက ကိုယ်တိုင် အားရကျေနပ်မိရတဲ့ လူမှုဘ၀လေးဟာ အိပ်ရာဝင် ပုံပြင်လေး ဖြစ်သွားလေပြီလား။
ဒီနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ … လူ့အခွင့်အရေး အထိမ်းအမှတ်နေ့ … အနှစ် ၆၀ ပြည့် တဲ့။
အမှောင်ထု ထူထူအောက် ခြေရာ ဖျက်ထားတဲ့ ခေတ်၊ လွတ်လပ်ဟန် ပုံဖမ်း သကြားဖြူးထားတဲ့ ခေတ်၊ ပုံစံခွက်ခေတ်ထဲမှာ ရှေးလူကြီးသူမတွေထံက သူတို့ငယ်စဉ်က စားသုံးခဲ့ဖူးတဲ့ လွတ်လပ်မှုတွေ၊ မတူညီ ကွဲပြားတဲ့ အလှတရားတွေ ကွန့်မြုးခွင့်၊ တွေးတောခွင့်၊ ကျယ်ပြောမှုတွေအကြောင်းကို ကြားရတုန်းက အိပ်ရာဝင်ပုံပြင်လို့ ထင်ခဲ့မိပါရဲ့။
တစထက် တစ ပိုပြီး ထူထပ် သိပ်သည်းလာတဲ့ အမှောင်အောက်မှာ မြင်ရ ကြားရတာတွေ၊ မပြောမိစေဖို့၊ အာစေး ထိထားတဲ့ ပါးစပ၊် မမြင်ရဲ မကြားရဲလောက်တဲ့ အဖြစ်အပျက်တွေကို မြင်ရက်နဲ့ မမြင်ယောင်ဆောင်နေရတဲ့ ကြောင်တောင်ကန်း မျက်လုံးတစုံ၊ ကြားချင်တာ မကြားရဘဲ မကြားချင်တာတွေ ဒလဟော ကြားနေရလွန်းလို့ ထုံနေတဲ့ နားတစုံနဲ့ ယုံကြည်ရမှုတွေ ပျက်သုန်း၊ အသက်ရှုနေရတဲ့ ဘ၀ တလျှောက်လုံး တထိတ်ထိတ် တလန့်လန့်နဲ့ ဆိုတော့ တခါ တခါ လူလား ကျီးလား အတွေးတောင် မှားရဲ့။
ဒီအခြေအနေမှာ ကျီးတကောင်ရဲ့ အခွင့်အရေးလောက် ရှိသေးရဲ့လား လို့တောင် မတွေးမိရဲတဲ့ အချိန်။ ကိုယ်တို့တွေရဲ့ဘ၀ဟာ အလင်းမရှိတဲ့ အမှောင်ထုအောက်မှာ မသေရုံတမယ် အသက်မျှဉ်းးမျှဉ်းလေး ရှုရင်း လင်းလက်လာမယ့် အလင်းတန်းကို အားတင်းပြီး စောင့်နေကြရတယ်။
လောကပါလ တရားကို မြတ်နိုးတဲ့စိတ်တွေနဲ့၊ လောကကို ကောင်းကျိုး ပြုလိုစိတ်ေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားကြီးမားတဲ့ အလင်းတန်းတွေ၊ ဦးဝင်းတင်ရဲ့ ရဲရဲတောက်အလင်းတန်းတွေကစလို့ မင်းကိုနိုင်၊ ကိုကိုကြီး၊ နီလာသိန်း၊ မီးမီး စတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ ဇာဂနာ၊ နေဘုန်းလတ်၊ ဇေယျာသော်စတဲ့ အနုပညာသည်တွေရဲ့ အလင်းတန်းတွေ ကြယ်စင်တန်းတွေဟာ ပိတ်ဆို့ထားတဲ့ အမှောင်ထုကို ဖော
ဒီအချိန်မှာ …
ကိုယ်တို့အားလုံးဟာ အမှောင်ထုက အားတင်းထပြီး ဒီအလင်းတန်းတွေကို ကြိုကြရလိမ့်မယ်။
အဲဒီ အခါမှာ …
ကိုယ်တို့အားလုံး ကြယ်စင်သေးလေးတွေ ဖြစ်လာပြီး တမိုးလုံး လင်းလက် လာလိမ့်မယ်။
အဲဒီ အခါမှာ …
ကိုယ်ကိုယ်တိုင် သယ်ဆောင်လာတဲ့ ပန်းတွေနဲ့ အလှဆင်ထားတဲ့ အိမ်ကလေးမှာ မိအိုဘအိုတွေ မိသားစုတွေ စုံစုံညီညီနဲ့ ရယ်မောသံတွေ အသက်ဝင်လာလိမ့်မယ်။
အဲဒီ အလင်းတန်းအောက်မှာ ကိုယ်တို့အားလုံးရဲ့ မိသားစုတွေ ပြန် ဆုံတွေကြလိမ့်မယ်။
အဲဒီ အတွက် …
ကိုယ်တို့ကိုယ်တိုင် အလင်းတန်းတွေ၊ ကြယ်စင်တန်းတွေ ဖြစ်လာကြမှ ဖြစ်မယ်။
(မြန်မာပြည်တွင်းက သူရဲကောင်းအားလုံးကို ဦးညွတ်ရင်း … )
(picture – Human Rights Day 2007 Illustration, UN)